Unicode
ယောကျာ်း တွေက ဘာလို့ ဂေးသွားကြတာလဲ ... သူတို့အချင်းချင်း ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မူများသွားလို့လား?
အရင်ကတော့ ယောကျာ်းတွေဂေးတာ
မဂေးတာ ကြိုက်တာမကြိုက်တာက သူ့ကိစ္စမဟုတ်ဘူး။ အခုတော့လင်းယံနဲ့ အသားချင်းထိပြီးတိုင်း ရင်ဘတ်တစ်ခုလုံးပေါက်ကွဲ
ထွက်တော့မလိုခုန်ပေါက်နေတာကြောင့် ဒါက သူ့ကိစ္စ ဖြစ်လာပြီ ။ မစဉ်းစားပဲနေလို့
မရတော့။ မသိချင်ယောင်ဆောင်ထားလို့ လည်းမရ။ နေ့တိုင်းလင်းယံနဲ့ထိတွေ့နေရတာ တစ်ရက်ထက်တစ်ရက်ပိုပိုဆိုးလာနေပြီ။
အရင်က လက်လေးထိခေါင်းလေးထိ အခုတော့နဖူးပါထိလာပြီး နောက်ဆိုနှုတ်ခမ်းတွေထိပါ။ What the hell... ဒါဘယ်လို ငရဲလဲ။ ဒီစိတ်မနှံ့တဲ့ကောင်ကပြောလို့မရဘူး တကယ်ကြီး လုပ်ချင်ရာလုပ်တာ ။ မတော်လို့များ သူ့ကိုအတည်ကြီး နမ်းလာရင်ဘယ်လိုလုပ်မလဲ။ မဖြစ်ဘူး သူ ယောကျာ်း
တစ်ယောက်နဲ့တော့မနမ်းနိုင်ဘူး။ ကြိုတင်ကာကွယ်ရမယ်။အခုကစပြီး အဲ့ကောင်ရှေ့သွားရင် မျက်နှာအုပ်ထားမယ်....
အင်္ကျီ လက်ရှည်ဝတ်မယ်။ တစ်ကိုယ်လုံးဘယ်နားမှမမြင်ရအောင်ဖုံးသွားမယ်။
ဟုတ်တယ် ဒါအကောင်းဆုံးပဲ။ ရုပ်ပိုင်း
ဆိုင်ရာထိတွေ့မူကို ရှောင်လိုက်ရင် သူထူးဆန်းထွေလာတွေ ဖြစ်တော့မှာမဟုတ်ဘူး။ပိုင်ချင်းတစ်ယောက်အခန်းထဲပြန်ပြေးလာပြီးကုတင်ပေါ်မှာ ခေါင်းမြီးခြုံလို့ ဟိုဘက်လိမ့်လိုက် ဒီဘက်လိမ့်လိုက်နဲ့ နာရီများစွာကြာအောင် စိတ်တွေအစိုးမရဖြစ်နေတယ်။ သူ
တစ်သက်နဲ့တစ်ကိုယ် ပိုက်ဆံကြောင့်ပဲ ဦနှောက်ခြောက်ရ မယ်ထင်ထားတာဖြစ်ပြီး
သူ့ထက် ငယ်တဲ့ကောင်လေး တစ်ယောက်ကြောင့် ကုတင်ပေါ် လူလိမ့်ကာ ခေါင်းစားနေ
ရလိမ့်မယ်လို့တစ်ခါမှမထင်ခဲ့ဖူးဘူး ။
တကယ်ဆ်ို သူ့ အသက်အရွယ်မှာ ရင်ခုန်တယ်ဆိုရင်တောင် မိန်းကလေး
တစ်ယောက်ကြောင့်ပဲဖြစ်သင့်တာကြီးလေ။ ဒါဆို သူလည်း အလွယ်တကူ ရင်ခုန်တာအချစ်ကြောင့်ဆိုပြီး ခေါင်းစဉ်တပ်
လို့ရသေးတယ်။ အခုတော့ ယောကျာ်း
တစ်ယောက်ကြောင့် နေရထိုင်ရခက်နေသတဲ့... သူအစ်မနဲ့ဆွေးမျိူးတွေပါသိရင်
ဝိုင်းဟာလိုက်မယ့်ဖြစ်ခြင်း။
YOU ARE READING
THE MAN THE CROOKED (COMPLETED)
Ngẫu nhiênMyanmar BL Fiction( own creation) Written by - Nay Kyi Htun Title - The Man The Crooked MC - Yan Linn Yan (ရန္လင္းယံ/ရန်လင်းယံ ) Age - 17 th ML - Linn Paing Chin (လင္းပိုင္ခ်င္း/ လင်းပိုင်ချင်း ) Age - 18th School life/ Player / the lair / Secret...