Unicode
"မင်း"
အမှည့်လွန်နေတဲ့ခရမ်းချဉ်သီးတစ်လုံးလို
ဦးဂဟေဆက် မျက်နှာက နီရဲမဲပုပ်လာပြီး ဒေါသထွက်လွန်းလို့ အသားတွေတောင်
တဆတ်ဆတ်တုန်လာတယ်။ ဒီနေရာမှာ
ပွဲလာ ဧည့်ပရိတ်သတ်တွေသာမရှိရင်
သူ ဒီခွေးမျိုးကို ဆဲဆို ရိုက်နှက်ပစ်လိုက်ပြီးပြီ။" အို အန်တီ အဆင်ပြေရဲ့လား ..."
လင်းယံက ဦးဂဟေဆက်တစ်ယောက်
ဒေါသတွေပေါက်ကွဲ ခွင့်မရတာကို ကြည့်ရင်းပီတိတွေဖြာကာ လဲကျရာကထရပ်
လိုက်တယ်။ ဒီအခါ သူ က ဦးဂဟေဆက် ရဲ့ အမြတ်တန်ိုး ထား ချစ်ဇနီးကညှာရဲ့ဂါဝန်စကိုလှမ်းဆွဲလိုက်တာမို့ ဂါဝန်စက ဗြိခနဲပြဲကာ သူ့လက်ထဲ တစ်ဝက်လောက်ပါလာတော့တယ်။"အာ...ကျွန်တော့်ခြေထောက်...ခေါက်သွား
လို့ "သနားဖွယ် အပြစ်မပေးလာဖို့ အကြောင်းပြချက်ပေးနေ ပေမယ့် သူ့မျက်နှာကအတော်လေးမှကျေနပ်နေဟန်ရှိတယ်။ ဒေါ် ခက်ခက်ခိုင်မှာ သူမဂါဝန်ကိုတစ်လှည့် လင်းယံကို
တစ်လှည့်ကြည့်ရင်းမျက်လုံးတွေကမီးပွင့်တော့မတတ်ဖြစ်ကာ ဘယ်လိုမှစိတ်မထိန်းနိုင်တော့ပဲ သူမအတွက်အထူးလုပ်ပေးထားတဲ့ မွေးနေ့ကိတ်နဲ့ လင်းယံမျက်နှာကို
ပစ်ပေါက်တော့ တယ်။ သို့ပေမယ့် အလျင်အမြန်ပဲ လင်းယံက ဦးဂဟေဆက်နောက်ကို ဝင်ပြေးကွယ်လိုက်တာမို့ ကိတ်တွေက ဦးဂဟေဆက်မျက်နှာပေါ်ပျော်ပျော်ကြီးတွယ်ကပ်ကုန်ကြတော့တယ်။"ဟာ!"
" ခက်တောင်းပန်ပါတယ်... ခက်က"
"ဟားဟား...အဟွတ် အဟက်"
ရုတ်တရက် ခန်းမထဲကလူတွေအားလုံး ဘာဖြစ်တာလဲဆိုကာ စပ်စုလာကြပြီး
ဦးဂဟေဆက်ရဲ့မျက်နှာပေါ်က ခရင်တွေ
ကို မြင်သွားကြတဲ့အခါ ဝါးလုံးကွဲရယ်သူကရယ်... မကောင်းတတ်လို့တိုးတိုးတိတ်တိတ်ကြိတ်ရယ်သူကရယ်နဲ့ ခန်းမတစ်ခုလုံး ဟိုဟိုဒီဒီ ရယ်သံတွေ စီညံလာတော့တယ်။
ဦးဂဟေဆက်မှာ လက်သီးကို တင်းတင်းဆုပ်ထားပြီး အံ့တွေကိုကြိတ်ထားကာ လူပုံအလယ် အရှက်ရမူကြောင့် ရယ်သံတွေကျယ်လာတိုင်း မီးတောင်ကြီးပေါက်ကွဲဖို့ အချိန် ပိုပိုနီးကပ်လာသလိုဖြစ်လာတယ်။
ဒီလို လှောင်ရယ်ခံ ရအောင်လုပ်တဲ့အမျိုးသမီးဖြစ်သူမှာလည်း ပြာယာခက်နေပြီး မျက်နှာကမန်းကျည်းရွက်လောက်သာ
ရှိတော့သည်မို့ သူမဆူရက်။ ဒါတွေအားလုံးရဲ့တရားခံက သောက်ခွေးမျိုး ရန်လင်းယံသာ။
YOU ARE READING
THE MAN THE CROOKED (COMPLETED)
RandomMyanmar BL Fiction( own creation) Written by - Nay Kyi Htun Title - The Man The Crooked MC - Yan Linn Yan (ရန္လင္းယံ/ရန်လင်းယံ ) Age - 17 th ML - Linn Paing Chin (လင္းပိုင္ခ်င္း/ လင်းပိုင်ချင်း ) Age - 18th School life/ Player / the lair / Secret...