Unicode
နောက်နေ့မနက်မှာ ပိုင်ချင်းကအိမ်ရှေ့မှာ'ခြံရောင်းမည်'လို့ ရေးပြီးချိတ်ထားဖို့အကြံ ရတယ်။ သို့ပေမယ့်လင်းယံက သူ့အသိတွေကိုအရင်ဆုံးဝယ်ထားပေးဖို့မေးကြည့်ဦးမှာမို့
ကြော်ငြာစာကိုအိမ်ရှေ့မှာမချိတ်သေးနဲ့အုံးလို့ဆိုလာတယ်။ အခုအဆင်မပြေဘူးဆိုပေမယ့် တစ်ရက်ကျပြေကောင်းပြေ လာနိုင်တဲ့အခါပြန်ဝယ်လို့ရတယ်တဲ့။ဒီနေ့က သူတို့ တစ်ခြားကျောင်းနဲ့ Basketball ပြိုင်ပွဲ ရှိတာဖြစ်တယ်။
ဒါကြောင့်သူတို့အိမ်ရှေ့မှာကြော်ငြာစာချိတ်
မချိတ်ကိုအငြင်းပွားဖို့အချိန်မရှိဘူး။ နည်းပြက ကျောင်းကို အစောဆုံးရောက်အောင်လာခဲ့ကြဖို့ခေါ်ထားတာကြောင့် သူတို့ မနက်စာအားဖြည့်ပြီးတာနဲ့ ပြေးကြရတော့တယ်။
သူတို့ကျောင်းကိုရောက်တဲ့အခါအသင်းသားတွေလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြပြီး ပြိုင်ပွဲအတွက် စိတ်လှုပ်ရှားနေကြတယ်။ ပိုင်ချင်းအတွက်ဒါကပထမဆုံး ပြိုင်ပွဲဖြစ်တာကြောင့်ပိုပြီးတော့စိတ်လှုပ်ရှားနေရပြီး ဘေးမှာ လင်းယံရှိနေတာက သူ့ကိုစိတ်ချလှုံ ခြုံမူနဲ့အင်အားကို
ထွက်ပေါ်လာစေတယ်။ အကောင်းဆုံး ကြိုးစားမယ်ဆိုတဲ့ စွမ်းအင်အပြုံးတွေသူ့မျက်နှာပေါ်နေပြီး လင်းယံက သူ့ပုခုံကို
ဖက်ကာအသာလေးညစ်လိုက်တယ်။ သူကစိတ်မလှုပ်ရှား တာတော့မဟုတ်ပေမယ့်
ပထမဆုံအကြိမ်မဟုတ်တာကြောင့်
အိန္ဒြေ ထိန်းနိုင်တယ်။............
"ရန်လင်းယံ ဆီကဆက်သွယ်လာတာမျိုး
မရှိဘူးလား""မရှိပါဘူး မမလေး"
မွန်မြတ်သဒ္ဒါမေ က သူမခိုင်စေထားတဲ့လက်အောက်ငယ်သားကို အလိုမကျမူများစွာနဲ့မေးလိုက်တယ်။ သူမ အချိတ်အဆက်တွေက လွန်ခဲ့တဲ့တစ်ပတ်ကတည်းက
ဆုလတ်မေတို့ကိုအလုပ်ဖြုတ်ပြီးတရားစွဲဆိုခဲ့တာဖြစ််တယ်။ တကယ်သာဆို ဆုလတ်မေအလုပ်ပြုတ်ကတည်းက ရန်လင်းယံသူမဆီ ဆက်သွယ်လာသင့်တာဆိုပေမယ့် ဒီနေ့ထိဖုန်းတစ်ကောမဝင်လာသလို လူကိုယ်တိုင်တောင် ရောက်လာခြင်းမရှိဘူး။ ရန်လင်းယံ ဆိုတဲ့ခွေးပေါက်လေးက ဘယ်လောက်ထိအစွမ်းထက်နေသလဲ။ သူ့နောက်ကြောင်း
တွေကိုလိုက်ရှာကြည့်ပေမယ့် ဘယ်လိုမိသာစုကလာတယ်ဆိုတာတောင်ရှာမတွေ့ဘူး။
လပိုင်းအတွင်း အမြဲတမ်းရှိနေတာ လင်းပိုင်ချင်းတို့်အိမ်မှာပဲ။ အပြင်ပိုင်းကကြည့်ရင်
တည်ငြိမ်ပြီး ပြဿနာမရှာတတ်တဲ့ကျောင်းသားတစ်ယောက်လိုပဲ။ အတွင်းဘက်မှာတော့အစွယ်အမောက်တွေရှိနေတယ်။

YOU ARE READING
THE MAN THE CROOKED (COMPLETED)
RandomMyanmar BL Fiction( own creation) Written by - Nay Kyi Htun Title - The Man The Crooked MC - Yan Linn Yan (ရန္လင္းယံ/ရန်လင်းယံ ) Age - 17 th ML - Linn Paing Chin (လင္းပိုင္ခ်င္း/ လင်းပိုင်ချင်း ) Age - 18th School life/ Player / the lair / Secret...