Part - 8

396 44 5
                                    

Unicode

"အာ ဘာလို့ရပ်လိုက်တာလဲ "

နဖူးလေးတွေခပ်ပြေပြေတွန့်ရင်း ရိုးသားစွာမေးတဲ့ပိုင်ချင်း မျက်နှာကတကယ်ကို ဘာနက်နဲတဲ့အတွေးမှရှိမနေ။ သို့ပေမယ့် ဒါကပဲ လင်းယံကိုဒေါသထွက်စေတဲ့ အဓိကအကြောင်းအရင်း ဖြစ်သွားစေခဲ့တယ်။
လင်းယံ အနောက်ကို ဆတ်ခနဲလှည့်ကြည့်လိုက်ပြီး ရှေ့ကို ချက်ချင်းပြန်လှည့်သွားတယ်။ သူ့စိတ်ထဲမှာလည်း ပိုင်ချင်း
ကဘာကြောင့် အရမ်းကိုတုံးအတာလဲဆိုတဲ့မေးခွန်းတွေနဲ့ ဒေါသဆူဝေလာတော့တယ်။

"မင်း အလုပ်က စောက်ပိုက်ဆံဘယ်လောက်ရလို့လဲ။ တစ်လဆယ်သိန်းရလို့လား... မင်းတစ်သက်လုံး အလုပ်လုပ်ပြီး စောက်ကြွေးတွေပဲ ဆပ်နေမှာလား...မင်းဘဝအတွက်ဘာမှမလုပ်တော့ဘူးလား.... လီးပဲ"

ဒါကြောင့် ရုတ်ချည်မထိန်းနိုင်တော့ပဲ စကားလုံး ကြမ်းကြမ်းတွေပိုင်ချင်းဆီ ပစ်လွတ်မိလိုက်တယ်။ပြောရင်း ပိုပိုပြီး ကြိတ်မန်ိုင်ခဲမရ ပုံစံဖြစ်လာကာ သူစက်ဘီးပေါ်က
ဆင်းပစ်လိုက်တယ်။ ရုတ်တရက် မို့စက်ဘီးကယိုင်သွား ပေမယ့် ပိုင်ချင်းကခြေထောက် နှစ်ချောင်းထောက်ထားတာမို့ ခပ်မြန်မြန် ပဲထိန်းလိုက်နိူင်တယ်။ လင်းယံဘာကြောင့်
စိတ်ဆိုးပြီးအော်နေရတာလဲ သူစဉ်းစားလို့မရနိုင်သေးဘူး။

" ငါပြောမယ်... မင်းဟာမင်း ဘာလုပ်လုပ် ...အသင်းကမထွက်ရဘူး...လုံးဝထွက်လို့မရဘူး။ ထွက်ရဲရင်ထွက်ကြည့်လိုက်!"

လက်ညိုးငေါက်ငေါက်ထိုးလို့ရာဇသံကိုအပြည့်အဝပေးနေပြီး လင်းယံမျက်နှာက မာကျောလွန်းနေတယ်။ အသားဖြူ
တာကြောင့်ဒေါသထွက်ရင်တအားသိသာပြီးမျက်နှာတစ်ခုလုံး က နီရဲတတ်လို့လာတယ်။

"တော်ပြီ အိမ်ပြန်ဖို့စိတ်မပါတော့ဘူး မင်းဟာမင်းပြန်...အနှောင့်အယှက်ပဲ"

အလယ်ကဆံပင်ခပ်ထူထူကိုတစ်ချက်ပွတ်လို့ စိတ်ပျက်လက်ပျက်ဆိုကာ လင်းယံက ဖုန်းထုတ်ကာ ဖုန်းခေါ်လိုက်တယ်။

" မ... မောင့်ကိုလာခေါ်... အခုချက်ချင်း "

တစ်ဖက်ကဘာပြန်ပြောလာမလဲ သူစောင့်
မနေတော့ဘူး ပြောချင်တာပြောပြီး သူဖုန်းကိုချပစ်လိုက်တယ်။ ပြီးတော့ ပိုင်ချင်းကို
ခပ်စူးစူးကြည့်လာပြန်ကာ...

THE MAN THE CROOKED (COMPLETED)Where stories live. Discover now