Part - 40

292 28 4
                                    

Unicode

"တင်းတောင် "

စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်တစ်ရက်ဖြစ်တယ်။ ရန်လင်းယံ အိမ်ပြန်သွားတဲ့နေ့ကစပြီး အအိပ်ဆက်တတ်လာတဲ့ ပိုင်ချင်းက
ခြံတံခါးဘဲလ်တီးသံကြောင့်မှိုင်တွေတွေဖြစ်ရာက ခပ်မြန်မြန် ထလာခဲ့တယ်။ သူ့စိတ်ထဲတံခါးဘဲလ်တီးသံကြားတိုင်း ရန်းလင်းယံပြန်လာတယ်လို့ ထင်နေပုံရတယ်။ သို့ပေမယ့် တံခါးဖွင့်ကြည့်လိုက်တိုင်း ရန်လင်းယံမဟုတ်ခဲ့ဘူး။ အခုတစ်ခါမှာတော့ အရပ်ခပ်မြင့်မြင့်နဲ့ ချမ်းသာကြွယ်ဝပုံပေါက်တဲ့လူ
တစ်ယောက်နဲ့ဘေးမှာ ရွှေဆွဲကြိုးဝတ်ကာ
မျက်မှန်အမဲတပ်ထားတဲ့လူတစ်ဦးရောက်ရှိလာတယ်။ သူတို့တွေကို ပိုင်ချင်းတစ်ခါမှ
မမြင်ခဲ့ဖူးတာသေချာတယ်။ လူစိမ်းတွေပဲ။

" ရန်လင်းယံ ရှိလား"

လူချမ်းသာဘေးကတစ်ယောက်ကမေးတယ်။ ပိုင်ချင်းက ခေါင်းရမ်းတော့ သူက ခြံတံခါးကိုသူဟာသူတွန်းဖွင့်ပြီးဝင်လာတယ်။

"ဒီအိမ်ရောင်းမှာဆို လင်းယံပြောထားတာမဟုတ်ဘူးလား"

ဒီတော့မှ ပိုင်ချင်းလည်း လင်းယံက သူ့မိတ်ဆွေးတွေကို အိမ်ရောင်းဖို့ပြောထားမယ်လို့ ပြောထားတာကိုသတိရသွားပြီး ...

" ဟုတ်ပါတယ် ရောင်းမှာပါ ၊အစ်ကိုတို့ကလင်းယံပြောထားတဲ့သူတွေလား"

ဆိုင်ဖက မျက်မှန်အောက်ကနေ ပိုင်ချင်းကိုခေါင်းစခြေအဆုံးကြည့်ပြီး အညာလွယ်သူမှန်းချက်ချင်းသိကာ ပြုံး၍ခေါင်းဆတ်ပြတယ်။

"အစ်ကိုတို့အိမ်ပတ်ကြည့်လို့ရမလား"

"ဟုတ်ရပါတယ်"

ဆိုင်ဖ က သူ့သူဋ္ဌေး ကို ရှေ့ကဦးဆောင်ခေါ်သွားပြီး ခြံပတ်ပတ်လည်နဲ့အိမ်ခန်းတွေ၊အဆောက်အဦးအနေအထားတွေကိုလိုက်ကြည့်တယ်။ ပြီးတော့ သူဋ္ဌေး နဲ့ကိစ္စတစ်ချို့ကို တိုးတိုးကပ်ပြောနေပြီးပိုင်ချင်းကတော့ဘာမှမကြားရဘူး။ ဒီချိန်ပိုင်ချင်းစိတ်လှုပ်ရှားနေတယ်။ သူတို့တွေ အိမ်ကို
ကြည့်ပြီး ကြိုက်သွားကြပါစေလို့လည်းဆုတောင်းနေရတယ်။ ခဏကြာတော့ထိုလူတွေပြန်ရောက်လာပြီး ကျေနပ်ဟန်နဲ့
စကားဆိုလာတယ်။

THE MAN THE CROOKED (COMPLETED)Where stories live. Discover now