Part - 2

861 69 8
                                    

Unicode

" မင်္ဂလာပါ ဆရာမ"

"မင်္ဂလာပါ"

အထက်တန်းဒုတိယနှစ်အတန်းကမိုးရာသီ
မရောက်ခင်မှာ စတင်တယ်။ ပညာရေးစနစ်တွေ အမျိုးမျိုးပြောင်းလဲ သွားပြီးနောက် ကျွန်တော်တို့ဆီမှာလည်း အထက်တန်းကို
သုံးနှစ်ဖြစ်သွားခဲ့ပြီ။

" ခုနကကျောင်းရှေ့မှာရန်ဖြစ်နေကြတဲ့နှစ်ယောက်က ဒီအတန်းထဲကလား ဘယ်သူတွေလဲ"

"ယဉ်ငြိမ်းဦးနဲ့ နှင်းရတီစိုး ပါဆရာမ"

"ရှေ့ထွက်လာခဲ့ "

မပြောဖို့လက်ကာပြရင်း အတင်းခေါင်းငုံ့နေကြပေမယ့် ကလေးတွေအားလုံးရဲ့လက်ညိုးတွေကသူမတို့နှစ်ဦးဆီမှာ ပြုံကျနေတာကြောင့် စိတ်ညစ်ညူးသွားကြတယ်။

"ထွက်လာလို့ပြောနေတယ်နော်"

ဘယ်လိုလုပ်ရပါ့မလဲ။ ရန်ဖြစ်တုန်းကအော်ကြီးဟစ်ကျယ် ဖြစ်ခဲ့ကြပေမယ့် အခုအတန်းရှေ့ထွက်ရမယ် ဆိုတော့ ရှက်သလိုလိုဖြစ်နေတယ်။

"ဘာလို့ရန်ဖြစ်ကြတာလဲ... မြန်မြန်မလာဘူးလား"

ဆရာမထပ်မံအော်လိုက်တဲ့အခါကောင်မလေး နှစ်ယောက် က တစ်ယောက်ကိုတစ်ယောက် အရင်ထွက်ဖို့မျက်စပစ်ပြနေ
ကြပြီး ဒါကို ထိုင်ကြည့်နေတဲ့ လင်းယံ က တဖြည်းဖြည်း မျက်ခုံးတွေ အလယ်မှာစုကြုံ့မိသွားတယ်။

"ဆရာမ အချိန်တစ်နာရီပဲရတာကို ဒီလိုလုပ်နေရင် စာသင်ဖို့အချိန်မရှိတော့ပဲနေမယ်နော်"

ရုတ်တရက် အသံကျယ်ကျယ် ဖြင့် အကြံပြုချက်ကို ပြောချလိုက်တာကြောင့် တစ်တန်းလုံးရဲ့အကြည့်က သူ့ထံရောက်လာသည့်အပြင်.... တော်ရုံဘယ်သူမှ အရေးမစိုက်တတ်သည့်ပိုင်ချင်တောင် ... အနောက်လှည့်
ကြည့်မိသွားတယ်။ အတန်းရှေ့မှာရပ်နေတဲ့ ဆရာမကလည်း ဒေါသထွက်သွားကာ အကြည့်စူးစူး သူ့ထံ ချက်ချင်း ပစ်ခွင်းလာပြီး ခပ်မာမာဆိုလာတယ်။

" ငါက ဆရာမလား မင်းကဆရာမလား "

" ဆရာမက ဆရာမပါ... ဒါကြောင့် ဆရာမအတွက်တွေးပြီးကျွန်တော်ကပြောပြတာပါ"

ဘယ်လိုကောင်ပါလိမ့် ဆရာမကို မလေး
မစားနဲ့။

"မင်းနာမည် ဘယ်သူလဲ"

THE MAN THE CROOKED (COMPLETED)Where stories live. Discover now