Part - 44

267 34 7
                                    

Unicode

နောက်ပြန်လှည့်လာဖို့ကဘယ်အချိန်လောက်မှဖြစ်မလဲ မသိပေမယ့် အခုကတည်းက လွမ်းရမှာ မောပမ်းနေသလိုပဲ။ပျော်ရွှင်စရာတွေရော၊ နာကျင်စရာတွေရော...ရောပြွတ်နေတဲ့ နယ်မြို့လေးဆီက ထွက်ခွာလာတဲ့အချိန်မှာ အားလုံးကိုမေ့ပစ်လိုက်ချင်ပေမယ့်လည်း တစ်ခုချင်းစီတိုင်းကို ဆေးမှင်ရေးခြယ်ထားသလိုမှတ်မိနေတယ်။ ခေါင်းထဲမှာတဝဲလည် လည်နဲ့ ဆွေးဆွေးမြေ့မြေ့ပါပဲ။ သူတို့မိသားစုတွေ ဘယ်ဆွေမျိုးကိုမှနှုတ်မဆက်တော့ပဲ တိတ်တဆိတ်သာ ပြောင်းရွှေ့ခဲ့ကြတယ်။

လမ်းခရီးမှာအတော်ကြာခဲ့ပြီး သူများတွေပြောပြောနေကျ လားရှိုးမြို့ကြီးဆီကို သူတို့ကားကလေးဝင်ရောက်လာတယ်။ပိုင်ချင်းအနေနဲ့ပြောရရင်ဒါ ပထမဆုံးအကြိမ်မြို့ကြီးကို ရောက်ဖူးခြင်းပဲ။ သူတို့နယ်မြို့လေးနဲ့ကွာတာကတော့ ဒီမှာက ကားလမ်းပေါ်မှာကားတွေ၊ဆိုင်ကယ်တွေ မျက်စိရှုပ်လောက်အောင်သွားလာနေကြတာပဲ။

" အို...ငါ့မောင်လေး အရပ်ကဘာလို့အဲ့လောက်တောင်ရှည်လာတာလဲ"

သူတို့နေထိုင်ရမယ့် နေရာရောက်တော့မြို့ကြီးဆီမှာရှိတဲ့ မမလတ်ကစောင့်ကြိုနေပြီး ပိုင်ချင်းကိုမြင်မြင်ချင်းပဲတအံတသြ နဲ့ လှည့်ပတ်ကြည့်နေတယ်။ သူမအိမ်က
ထွက်လာတုန်းကတောင် ဒီအကောင်ပေါက်လေးက သူမပုခုံးလောက်ရှိသေးတာလေ။

" ဒါပုံမှန်ပါပဲ"

ပိုင်ချင်းက ခပ်ဖျော့ဖျော့ ပြုံးရင်းပြန်ပြောလိုက်တယ်။ တစ်ယောက်သောသူထက်
စာရင်သူကပုနေခဲ့သေးတယ်။ ချီး... ခေါင်းထဲကထွက်သွားစမ်း။

ပိုင်ချင်းကသူ့ကိုယ်သူ ပစ္စုပ္ပန်ရောက်အောင်ဆွဲခေါ်နေရပြီး ကားပေါ်ကပစ္စည်းတွေကို နေရာချကူလိုက်တယ်။အခုဒီမှာ ကိုချမ်း၊
မမဆု၊မမလတ်နဲ့ သူ မောင်နှမတွေအားလုံးအတူတူနေကြမှာဖြစ်တယ် ။ အိမ်ကသိပ်
မကျယ်ပေမယ့် လေးယောက်သားနေထိုင်ဖို့အတွက်တော့လုံလောက်ပါတယ်။

" ပစ္စည်းဥစ္စာဆိုတာဘယ်အချိန်ပဲ ပြန်ရှာရှာ.. ရှာလို့ရတယ်ချင်းလေး...လူဘာမှမဖြစ်ဖို့ပဲ
လိုတယ်"

THE MAN THE CROOKED (COMPLETED)Where stories live. Discover now