Part - 58

344 30 4
                                    

Unicode

"ချင်းလေး ငါမင်းကိုချစ်တယ် "

ဒီစကားကြားတဲ့အခါ ရုတ်တရက် ပိုင်ချင်းနှလုံးသား က အေးခဲသွားပြီး တစ်ဖန်ဆူပွက်လာတယ်လို့ခံစားရတယ်။ ခြေဖျားလက်ဖျားတွေအေးစက်ပြီး ဆောက်တည်ရာ မရ ဖြစ်လာပုံက ဒီစကားလုံးနဲ့ပတ်သက်ပြီးဘယ်လို တုန့်ပြန်ရမလဲဆိုတာကို မသိတော့သလိုမျိုး။ သူအချိန်တွေ အကြာကြီး မျှော်လင့်ခဲ့တယ်။ သို့်တိုင်မျှော်လင့်တိုင်း
မပြောလာတဲ့အခါ သူတို့ကြားမှာချစ်တယ်လို့ပြောဖို့ အတွက် မလိုအပ်ဘူးလို့ ကိုယ့်ဟာကိုယ် ဖြေသိမ့်ပြီး တွေးထားခဲ့ရတယ်။ ဒိီစကားလုံးနဲ့ပတ်သက်ပြီးမေ့ထားဖို့
ကြိုးစားခဲ့ရပေမယ့် ရုတ်တရက် လင်းယံဆီကကြားလိုက်ရတဲ့ အခါဝမ်းသာရမယ့်အစား ငိုသာငိုချလိုက်ချင်တော့တယ်။

ပိုင်ချင်းက မျက်ဝန်းမှာမျက်ရည်တွေစွတ်စိုလာရင်း သူ့နဖူးနဲ့ လင်းယံရင်ဘတ်ကို အဆက်အပြတ်တိုက်ချလာတယ်။
ခံစားချက်တွေကိုဘယ်လိုဖွင့်ထုတ်ရမလဲသူမသိတော့ဘူး။ တိုက်ခိုက်မူက ဖွဖွလေးလို့ထင်ရပေမယ့် အားပါတာကြောင့် လင်းယံက သူ့ရင်ဘတ်ကိုတင်းခံထားရပြီး ပိုင်ချင်းကို
ပိုတင်းတင်းလေးဖက်ထားကာခွင့်ပြုပေးနေရတယ်။ ဒါက အပြစ်ပေးခံရတာဖြစ်တယ်။ ပိုင်ချင်းကသူ့ကိုဒီထက်ပိုပြီး နာနာလေး
ရိုက်နှက်ပေးသင့်တယ်။သူကပိုင်ချင်းဆီက
အရိုက်မခံရရင် အသိတရားကလွယ်လွယ်နဲ့ရတဲ့သူ မဟုတ်ဘူး။ ဦးနှောက်ကအချစ်ရေးရာမှာပိုင်ချင်းထက်ကို သူကတုံးအနေတာမျိုး ။ သူသာ ဒီထက်ပိုပြီးစောစောလေးအချစ်ကိုသိခဲ့ရင် သူတို့တွေနှစ်အကြာကြီးခွဲနေစရာ
လိုမလား။

Dream Doကနေထွက်ပြေးစဉ်က သူသေရတော့မယ်လို့ ကိုယ့်ကိုယ်ကိုယ်သိလိုက်တဲ့အချိန် နောက်ဆုံးအနေနဲ့ အတွေ့ချင်ဆုံးသူက လင်းပိုင်ချင်းပဲ။ သူသာပိုင်ချင်းကို ထပ်မတွေ့ရတော့ဘူးဆိုရင်... သူ့အမေလိုမျိုး ရူးသွား
တော့မလားတောင်မသိဘူး။

" ငါ မင်းကိုချစ်တယ် "

လင်းယံလက်တွေကပိုင်ချင်းကျောထဲမှာနစ်ဝင်နေတယ်။ တင်းကျပ်စွာဖက်တွယ်ထာရင်း အသံတွေကတုန်နေတာကြောင့်ဒီခံစားချက်တွေကပေါ့ပေါ့တန်တန်မဟုတ်တာသိသာတယ်။ ပိုင်ချင်းကသူ့ကိုမရွေးချယ်ပဲ ရှန်ခန့်ကိုသာ ရွေးချယ်သွားတဲ့အခါ သူ့ဆီမှာပေါ်လာတဲ့ပိုင်ဆိုင်လိုစိတ်ကြီးကကြောက်ဖို့ကောင်းလာတယ်။ အမှောင်ချပြီး အခန်း
တံခါးပိတ်ကာ အကြံအစည်ဆိုးတွေကိုထိန်းချုပ်ဖို့ကြိုးစားခဲ့ပေမယ့် ဘယ်လိုမှ
မအောင်မြင်ပဲ ပိုပြီးကြီးထွားလာနေတယ်။ အကယ်၍များ အဲ့ဒီမိုးရွာနေ့က ပိုင်ချင်း သူ့ဆီပြေးမလာခဲ့ရင် သူပိုင်ချင်းကိုဘယ်သူမှ
မသိအောင်တိတ်တိတ်လေး ဖွက်ထားမိတော့မယ်ထင်တယ်။

THE MAN THE CROOKED (COMPLETED)Where stories live. Discover now