Part - 39

255 27 3
                                    

Unicode

"မောင် ဘာတွေသဘောကျပြီး ရယ်နေတာလဲ"

ဖုန်းပြောနေရင်း အနှောင့်အယှက် အသံကြားလိုက်ရတာမို့ လင်းယံကချက်ချင်း လှည့်ကြည့်ပြီး မွန်မြတ်ကိုမြင်တဲ့အခါ
သူ့မျက်နှာကပြောင်းလဲသွားတယ်။ မနှစ်သက်ဟန် မျက်ဝန်းတို့ကတောက်လာပြီး ရယ်မြူးနေတဲ့နှုတ်ခမ်းတွေက တည်သွားတယ်။ထို့နောက် သူကပိုင်ချင်းကိုနောက်မှပြန်ခေါ်မယ်ပြောပြီးဖုန်းချလိုက်တယ်။ တစ်ဆက်တည်း တင်းတင်းမာမာအသံလည်း ထွက်လာတယ်။

"ခင်ဗျား ကိုဘယ်သူက ကျွန်တော့်အခန်းထဲဝင်ခွင့်ပြုလိုက်တာလဲ"

" မောင့် ဖေဖေလေ.... သူပြောတာ တစ်ရက်ကျဒါက မောင်နဲ့မတို့ရဲ့မင်္ဂလာဦးအခန်းဖြစ်မှာပဲတဲ့။ သွားကြည့်ချင်ကြည့်လေဆိုလို့"

မွန်မြတ်ကခပ်ဖွဖွပြုံးလိုက်ကာ ပြောတယ်။
ဒီအခါ လင်းယံက အရမ်းစိတ်တိုသွားပြီး အခန်းထဲက ထွက်သွားတော့တယ်။
မွန်မြတ် လက်ကို လိုက်ဆွဲပေမယ့်ဆွဲခါချခြင်းသာခံလိုက်ရပြီး တားလို့မရခဲ့ဘူး။

"ဂဟေဆက် ဂဟေဆက်ခင်ဗျား လွန်
မလာနဲ့!"

လင်းယံက ဦးဂဟေဆက်ရှိနေတဲ့အခန်းထဲကိုဝင်သွားပြီး ဒေါသဆူဝေကာအော်ပြောလိုက်တယ်။ သူမျှော်လင့်ခဲ့တယ် ဒီနေ့ညဘာပြဿနာမှမရှိပဲပြီးသွားစေဖို့ကို ။သို့ပေမယ့်
ခြေထောင်ပေါက်ပြီး ပြဿနာကသူ့ဆီရောက်လာတာပဲ။

"မင်းအပြုအမူက်ိုပြင်စမ်း ငါကမင်းအဖေ "

ဦးဂဟေဆက်က စားပွဲကနေမထ စိတ်အေးလက်အေးဟန်နဲ့မော့ကြည့်လာတယ်။ ဒီအခါလင်းယံက စားပွဲကိုအားပြင်းပြင်း ရိုက်ကာလက်ထောက်လိုက်ပြီး....

"ခင်ဗျားကိုခင်ဗျားကျုပ်အဖေလို့ပြောနေသေးတယ်။ ခင်ဗျား အဖေတစ်ယောက်ရဲ့တာဝန်ဘာတစ်ခုမှမကျေထားဘူး။ ကျုပ်ကဘယ်သူနဲ့ရပြီးဘယ်သူနဲ့မွေးထားလို့လဲ။ ကျုပ်မှာ မိသားစုမရှိဘူး။ မိသားစုလည်း
မလိုချင်ဘူး... ဘယ်မိန်းမနဲ့မှကျုပ်ကိုလာ
မပေးစားနဲ့ "

ဦးဂဟေဆက်ကဖတ်လက်စ စာအုပ်ကိုပိတ်လိုက်တယ်။ ထို့နောက်ပေါက်ကွဲနေတဲ့
လင်းယံကိုစေ့စေ့ကြည့်ရင်းမတ်တပ်ရပ်လိုက်တယ်။

THE MAN THE CROOKED (COMPLETED)Where stories live. Discover now