Part - 43

270 29 4
                                    

Unicode

နောက်တစ်နေ့မနက်မှာ ကိုက်ခဲနေတဲ့ခေါင်းတွေနဲ့ ကျိန်းစက်နေတဲ့မျက်ဝန်းတွေကြောင့် ပိုင်ချင်းကမသက်သာစွာပဲအိပ်ယာကနှိုးလာခဲ့တယ်။ မျက်ခွံတွေကိုခပ်ဖြေးဖြေးဖွင့်ရင်း မြင်ရတဲ့အခန်းအပြင်အဆင်ကရင်းနှီးမူမရှိတာကြောင့် သူဘယ်ကိုရောက်နေခဲ့တာလဲ အတော်လေးကိုပြန်စဉ်းစားယူနေရတယ်။
ဒီချိန် အခန်းထဲကိုသင်ပျံ့ပျံ့နဲ့ဆွဲဆောင်မူရှိရှိဝင်ရောက်လာတဲ့ဟင်းရနံ့လေးတွေ။ ပိုင်ချင်းမှာ ချက်ချင်းကိုယ်ကိုမတ်သွားပြီး အပြင်ကိုပြေးထွက်ခဲ့တယ်။ ဟင်းရနံ့တွေလာရာဆီရောက်သွားတဲ့အခိုက်မှာ ခြေထောက်တွေဟာ အလိုအလျောက် ရပ်တန့်သွားခဲ့ပြီး လူတစ်ကိုယ်လုံးဟာအေးခဲသွားသလိုပါပဲ။

ဒါ ရန်လင်းယံမဟုတ်ဘူး။ ပြီးတော့သူအခုရောက်နေတာကလည်း သူ့အိမ်မှာမဟုတ်
ဘူး ။

အိပ်ပျော်သွားတဲ့အသိစိတ်တွေဟာချက်ချင်းပုတ်နိုးခံလိုက်ရသလိုမျိုး မနေ့ကဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတစ်ခုချင်းစီ တိုင်းကခေါင်းထဲကိုပြန်လည်ဝင်ရောက်လာတယ်။
ဒါတောင် မနက်နိုးလာရင် မီးဖိုးချောင်ထဲမှာမနက်စာပြင်ဆင်းရင်း ရန်လင်းယံ ကသူ့ကိုစောင့်နေလိမ့်မယ်လို့ ဘာကြောင့်ထင်နေရသေးတာလဲ။ ကျင့်သားမရသေးတဲ့အရူး
တစ်ကောင်လိုပဲ။ ဒီလို လူလိမ်၊လူညာအကြီးစားကိုသူဘာအတွက်တောင့်တနေရသေးတာလဲ။

"နှိုးပြီလား မနက်စာစားမယ်လေ"

စိုင်းမင်းကိုကကြောင်တောင်တောင်ဖြစ်နေတဲ့ပိုင်ချင်းအမူအယာလေးကိုကြည့်ရင်းပြောလိုက်တယ်။ ပိုင်ချင်းက ခေါင်းငြိမ့်ပြီး
မတည်ငြိမ်နိုင်သေးတဲ့ရေပြင်လို စားပွဲမှာ
ဝင်ထိုင်တယ်။ပြီးနောက်စားစရာကိုလက်လှမ်းတော့ စိုင်းမင်းကို က သက်ပြင်းချရင်း ရင်မောစွာပြောလာပြန်တယ်။

"မျက်နှာသွားသစ်ဦးလေ"

ဒီလိုပြောတော့လည်း ကိုင်ထားတာအကုန်ပြန်ချပြီး အခန်းထဲပြန်ဝင်သွားတယ်။
ပိုင်ချင်းပုံစံက စိတ်ဓာတ်တွေ ဟိုးအောက်ထဲထိကျဆင်းနေပြီးပြန်အဖက်ဆည်ဖို့ခက်ခဲ
နေသလို၊ ပြန်အဖက်ဆည်ဖို့မဖြစ်နိုင်တော့သလိုမျိုး အရှုံးသမားတစ်ယောက်အသွင်ဖြစ်နေတယ်။ ခုချိန်သူ့ကိုအားပေးနိုင်တာဘာမှ
မရှိဘူး။ အိမ်ကြောင့်အချစ်ကိုအလိမ်ညာခံရ
တယ်။ အချစ်ကြောင့်အိမ်ကအလိမ်ခံရတယ်။ အရမ်းကောင်းတာပဲ။

THE MAN THE CROOKED (COMPLETED)Where stories live. Discover now