Unicode" ကိုကြီး ရန်လင်းယံ ကို အိမ်ဂရံပေးလိုက်တာလား"
သူမယုံပေမယ့် တစ်ခွန်းချင်းကိုသွေးစက်ကျနေသလိုကြောက်လန့်စွာမေးလိုက်တယ်။ ကျေးဇူးပြုပြီးမဖြေပါနဲ့။
" ဟုတ်တယ်လေငါပေးခဲ့တယ် မင်းကမှငါတောင်းတာမပေးတာ။ မင်းထက်သူကပိုကောင်းတယ်။ ငါ့ကိုသိန်းထောင့်
ငါးရာနဲ့ အိမ်ရအောင်ရောင်းပြီးရင်ပေးမယ်ပြောတယ်။ ဘယ်လိုလဲသူအိမ်ရောင်းပြီးပြီလား"တက်တက်ကြွကြွနဲ့ မြင့်ဝေနိုင်ကမဆိုင်မတွပြောလာတယ်။ သူ့ပုံစံက ရန်လင်းယံအပေါ်မျော်လင့်ချက်တွေနဲ့စိတ်အားထက်သန်မူတွေများစွာပျော်ဝင်နေတယ်။ ပိုင်ချင်းမယုံချင်ဘူး။ မသိစိတ်ကလက်ခံချင်ပေမယ့် သ်ိစိတ်ကငြင်းဆန်နေတယ်။ တိုက်ဆိုင်တာလား
တကယ်လား မသိပေမယ့် သိန်းထောင့်ငါးရာနဲ့အိမ်ကိုဝယ်လ်ိုက်တယ်လို့ သူနဲ့တွေ့ခဲ့တဲ့လူကပြောခဲ့သေးတယ်။ သူ့အစ်ကိုကြီးကလည်းသိန်းထောင့်ငါးရာနဲ့ရောင်းပေးမယ်ပြောတယ်တဲ့။ ဒီအကြောင်းအရာတွေဆက်စပ်
ကြည့်လိုက်တဲ့အခါ ပိုင်ချင်းအာမေဋိတ်သံတောင်မထွက်နိုင်တော့ဘူး။'ရန်လင်းယံ သူမင်းကိုချစ်တယ်လို့ထင်နေတာလား။သူ့ဆီမှာအချစ်မရှိဘူး။ သူမင်းဆီကရချင်တာရှိလို့ မင်းအနားမှာနေနေတာ' ဒါတစ်ချိန်က မွန်မြတ်သဒ္ဒါမေ ပြောခဲ့တဲ့စကားတွေ။မင်းကသနားစရာပဲတဲ့။ သူမကဘာတွေသိထားလို့လဲ။ ရန်လင်းယံ လိုချင်နေခဲ့တာသူ့အိမ်ဖြစ်နေလို့လား။ ဒါဆိုသူ့အပေါ်ကောင်းခဲ့ပေးတာအားလုံးကအလိမ်အညာတွေပဲလား။
" ကိုကြီး အဲ့ဒီနေ့ကရန်လင်းယံကို ခေါင်းရိုက်ခွဲခဲ့သေးတယ်မလား"
ခုမှတော့ဖြင့် အကုန်လုံးကိုသူမေးမှဖြစ်တော့မယ်။
" ဘယ်နေ့ကလဲ ငါမလုပ်ဘူး။ ပိုက်ဆံပေးမယ်လို့ပြောတဲ့လူကိုငါကဘာလို့ရိုက်မှာလဲ"
သူ့အစ်ကိုကြီး ပြောတာမှန်တယ်။ဒါဆို
ဘယ်သူက ရိုက်သွားတာလဲ။ လင်းယံပြောတာက ကိုကြီးမြင့်ကရိုက်သွားတာတဲ့။
မဟုတ်မှ အဲ့ကတည်းကသူယုံကြည်လာအောင် အယုံသွင်းနေခဲ့တာလား။ ဘယ်ဟာကမှမသေချာဘူး။ အားလုံးကသူ့
အထင်တွေပဲ။ ပိုင်ချင်း ကမြင့်ဝေနိုင်နဲ့စကားပြောနေရင်း ချက်ချင်းပြန်ပြေးထွက်ခဲ့တယ်။အပြင်ဘက်မှာမှောင်မဲလို့ ညတောင်ရောက်နေခဲ့ပြီ။ သို့ပေမယ့် ကိုယ်အယုံကြည်ရဆုံးလူတစ်ယောက်ထံကလိမ်ညာခံရခြင်းဆိုတဲ့ခေါင်းစဉ် အောက်ကိုခံစားမူတွေအားလုံးရောက်လာတဲ့အခါ ဒီမှောင်မဲ
မူတွေက နာကျင်မူတွေကိုသယ်ဆောင်လာခဲ့တယ်။
YOU ARE READING
THE MAN THE CROOKED (COMPLETED)
RandomMyanmar BL Fiction( own creation) Written by - Nay Kyi Htun Title - The Man The Crooked MC - Yan Linn Yan (ရန္လင္းယံ/ရန်လင်းယံ ) Age - 17 th ML - Linn Paing Chin (လင္းပိုင္ခ်င္း/ လင်းပိုင်ချင်း ) Age - 18th School life/ Player / the lair / Secret...