Part - 25

354 33 4
                                    

Unicode

"ကိုယ်မလုပ်ပေးနိုင်ဘူး ဆု...ဆုမောင်လေးအတွက် ဆုတူမလေးအတွက်ကိုယ်အားလုံးထောက်ပံ့ပေးနိုင်တယ်။ လောင်းကစားလုပ်ပြီး ဘိန်းရှူနေတဲ့ကောင်အတွက် ပိုက်ဆံအကုန်မခံနိုင်ဘူး။ သူ့ဟာသူ ထောင်ပဲကျကျ
ဘာပဲဖြစ်ဖြစ် "

ကိုချမ်းအသံကအရမ်းကိုကျယ်နေတာကြောင့် အိမ်ထဲကိုမဝင် ရသေးခင်မှာပဲ
ပိုင်ချင်းကြားလိုက်ရတယ်။ အမြဲတမ်း
တစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးပြီးယဉ်ယဉ်ကျေးကျေးပဲပြောတတ်တဲ့သူအစ်မတို့လင်မယားကအခု ဘာတွေဖြစ်နေတာလဲ။ မဟုတ်မှ ကိုချမ်းက သူတို့မိသားစုဒဏ်ကို
မခံနိုင်တော့တာလား။ ဒီလိုတွေးမိချိန်
ပိုင်ချင်း အစ်မကို စိုးရိမ်စိတ်နဲ့ ရင်တစ်ခုလုံး ထူပူသွားသလိုခံစားလိုက်ရတယ်။

" ကိုကြီးက သူမလုပ်ဘူးလို့ခိုင်ခိုင်မာမာကြီးကိုပြောနေတာ"

"ဘယ်တုန်းကရော မင်းအစ်ကိုကသူလုပ်ပါတယ်လို့ဝန်ခံ လို့လဲ။ သူမလုပ်ဘူးလို့ဘူး'ခံငြင်းလာတာကြောင့် အခုထိ လိုက်ဖြေရှင်းပေးခဲ့တာ အခုဆုဆီမှာဘာကျန်သေးလို့လဲ။ ကိုယ်တို့လင်မယားနှစ်ယောက်မစားမသောက်ပဲစုထားဆောင်းထားတာတွေအကုန်ကုန်ပြီပဲမဟုတ်ဘူးလား။ အခုထပ်ပြီး
ဘာကျန်သေးလို့ဘာနဲ့ဖြေရှင်းပေးချင်နေတာလဲ"

သူမျိုသိပ်ထားခဲ့တာကြာပြီ။သူက သဘောထားပြည့်ဝတဲ့ ယောကျာ်း
တစ်ယောက်ဖြစ်ပါစေဦး အလုံးစုံမပြည့်စုံနိုင်ဘူး။ ပိုက်ဆံရှာတယ်ဆိုတာသုံးဖို့အတွက်ဆိုတာမှန်းသူသိတယ်။ ဒါပေမယ့် အမှားကိုအမှန်ထင်နေတဲ့စုံလုံးကန်း လူ တစ်ယောက်အတွက်ဖြုန်းတီးပစ်ဖို့မဟုတ်ဘူး။

သူအော်တော့ ဆု ကပြန်ပြောစရာ စကားလုံးရှာမရသလိုခဏတော့ ရပ်သွားတယ်။ သူ ကလည်း မိန်းမကိုနိုင်ချင်တဲ့ လူစားမျိုး မဟုတ်တဲ့အတွက်ထိုခဏမှာပဲ သူလေသံကို
အတတ်နိုင်ဆုံးပြန်လျှော့လိုက်တယ်။

"ဆုက ဆုအစ်ကိုမို့ဆုကာကွယ်ပေးချင်တာကိုယ်သိတယ်။ ကိုယ့်အနေနဲ့လည်း ကန့်ကွက်စရာမရှိဘူး။ ဒါပေမယ့် ယောကျာ်း
တစ်ယောက်မှာဝါသနာတစ်မျိုးစီရှိတယ်
ဆု မင်းသိထားရမယ်။ အရက်၊ လောင်းကစား၊ မူးယစ်ဆေး နဲ့ မိန်းမတဲ့။ အဲ့တာတွေအားလုံးစုံသွားရင်အဲ့ယောကျာ်းက
ဘယ်လိုနေနေကယ်လို့မရတော့ဘူး... ကိုယ်ပြောနိုင်တာဒါပဲ။ ဆုကကိုယ့်ထက်ပိုပြီးစဉ်းစားတတ်ပါတယ်။ ကိုယ်တို့ဒီလ
အတွင်း မင်းအစ်ကိုကိစ္စကြောင့်စကားများတာက ရည်းစားသက်တမ်းတစ်လျှောက်ဖြစ်ခဲ့တာထက်တောင်ပိုများတယ်။ ဒီလောက်နဲ့ပဲရပ်ကြရအောင်.. ...ကိုယ့်ကိုထပ်ပြီးတွန်းအား
မပေးနဲ့ "

THE MAN THE CROOKED (COMPLETED)Where stories live. Discover now