Part - 35

327 25 4
                                    

Unicode

လင်းပိုင်ချင်း မှာက ညီအစ်ကိုမောင်နှမ မွေးချင်းလေးယောက် ရှိတာဖြစ်တယ်။ အစ်ကိုအကြီးဆုံးမြင့်ဝေနိုင်က အိမ်
ထောင်မကျခင်အထိမိဘနဲ့အတူလုပ်ငန်းတွေဦးဆောင်လုပ်ကိုင်ပေးခဲ့သူဖြစ်ပြီး အစ်မအလတ်ကလည်းတစ်ဖက်တလှမ်းကမိသားစုကိုကူညီပေးတယ်။ သူတို့နှစ်ဦးမှာ မတူညီတဲ့
တစ်ဖက်ခြမ်းစီရှိပြီး နှစ်ယောက်လုံးကအသက်အရွယ် တစ်နှစ်ခြားစီလောက်သာကွာတာဖြစ်တယ်။ သို့်ပေမယ့် ဆုလတ်မေအောက်ကအစ်မငယ်နဲ့ပိုင်ချင်းကတော့
တစ်ဦးကိုငါးနှစ်စီလောက်ကွာတာဖြစ်တယ်။ မောင်နှမလေးယောက်မှာ နှစ်ယောက်ကအိမ်ထောင်ကျသွားပြီး အိမ်ခွဲနေကြကာ
အစ်မငယ်ကတော့လားရှိုးတက္ကသိုလ်ကြီးမှာ လွန်ခဲ့တဲ့နှစ်ကပဲ အလုပ်ရသွားတာဖြစ်တယ်။ ဒါကြောင့်အိမ်အကြီးကြီးမှာ လင်းပိုင်းချင်းတစ်ယောက်သာရှိပြီး သူတစ်ဦးတည်း နေထိုင် နေသ၍ဘယ်သူကမှအမွေပြဿနာလုပ်လို့မရဘူး။ သူတို့ အိမ်ကိစ္စတစ်စုံတစ်ခုလုပ်ချင်ပြီဆိုရင် လင်းပိုင်ချင်း ရဲ့ ခွင့်ပြုချက်သဘောတူညီမူရဖို့လိုတယ်။ ဒါကြောင့် ဆွေမျိုးတွေ အားလုံးကလင်းပိုင်ချင်းကိုဆို ငယ်တာကြောင့်အလေးမထားချင်သော်ငြားရှေ့မှာဆိုကောင်းပြကြပြီး ကွယ်ရာမှာတော့
သူလုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ
မကောင်းပြောကြတော့တာဖြစ်တယ်။

"ငါက အသုံးကိုမကျပါဘူး ၊ ဘဝက ပျက်စီးဖူးတယ်ဆိုတာ မရှိတော့ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာမသိဘူး။ မတရား စွပ်စွဲခံနေရတာသိသားနဲ့ ဒီအသုံးမကျတဲ့ကောင်ကဘာမှ
မလုပ်ပေးနိုင်ဘူး အေ့...ပိုင်ချင်းမင်းယောက်ဖက အရည်အချင်းမမှီဘူးကွ...အာ...သုံးစားလို့မရဘူး...အသုံးမကျ"

စကားလုံးတွေသဲကွဲခြင်းမရှိ။ 'အသုံးမကျဘူး'ဆိုတာကို ထပ်ခါထပ်ခါပြောရင်း
ချမ်းမင်သော် က ငိုကြွေးကာ မောပမ်းပြီးအသိစိတ်ပျောက်လျက် အိမ်မောကျသွားတော့တယ်။ သူ့ဘေးမှာ မီးရောင်မှိန်ဖျေ့ာ့ဖျော့လေးရှိနေပြီး ဆိုင်ထဲမှာဝင်လိုက်ထွက်လိုက်သွားလာသူတွေများပြာနေပေမယ့် သူကတော့ သောကပင်လယ်ထဲမှာ နစ်မြုပ်
နေခဲ့တယ်။

THE MAN THE CROOKED (COMPLETED)Where stories live. Discover now