Part - 52

276 33 2
                                    

Unicode

"ရန်လင်းယံ မင်းသွားသေလိုက်"

ဒီထက်ပိုပြီးဘယ်လိုစကားလုံးနဲ့ပစ်ပေါက်ရမလဲဆိုတာ ပိုင်ချင်းလည်းမသိတော့ဘူး။ စိတ်ထဲမှာဘဝမကျမူတွေက များပြားနေပြီး
ဒါတွေအားလုံးရဲ့အရင်ခံက ရန်လင်းယံ
ဖြစ်နေတာကြောင့် ပိုလို့တောင် ဒေါသထွက်လာတယ်။ သူ့မျက်နှာကိုကြာကြာမြင်နေရက ပိုင်ချင်းကိုအသက်ပိုတိုစေနိုင်တယ်။ဒါကြောင့် ပိုင်ချင်းကပြိုင်ငြင်းမနေတော့ပဲ
ရန်လင်းယံရှေ့ကထွက်ခဲ့တော့တယ်။ အပြင်ရောက်တော့ ကွင်းထဲမှာ ရှန်ခန့်သျှံက အခန့်သားစောင့်နေတာကို တွေ့လိုက်တယ်။ ချီးပဲ
ဒီကောင်တွေနဲ့ကိုမလွတ်ဘူး။

ဘာမှမပြောချင်တာကြောင့် သူဒီတိုင်းပဲထွက်လာခဲ့ပြီး ရှန်ခန့်ရဲ့ကားပေါ်ဝင်ထိုင်နေလိုက်တယ်။ဒီအခါ ပိုင်ချင်း ရဲ့နောက်ကရန်လင်းယံ ဆက်ထွက်လာချိန်မှာ ရှန်ခန့်က
မျက်နှာတစ်ခုလုံး တည်တင်းသွားပေမယ့်
ရန်တော့သွားမရှာခဲ့ ဘူး။ပိုင်ချင်းကသူ့ကားပေါ်ရောက်နေပြီမို့ ရန်လင်းယံ ကို ရန်သူသဖွယ်ကြည့်ပြီး ကားကိုမောင်းထွက်ခဲ့တော့တယ်။

"မင်းတို့နှစ်ယောက် အဆက်အသွယ် ရှိနေတုန်းပဲလား"

ကားမောင်းနေရင်းရှန်ခန့်ကမေးတယ်။
ပိုင်ချင်းကစိတ်မပါ သလိုလုပ်နေပြီး ဒီအတွက်ရှင်းပြမူတွေသိပ်မပေးချင်ဘူး။

" မင်းပြောတော့ မင်းတို့ပြတ်သွားပြီဆို... ခုနကငါဖုန်းဆက် တာသူရှိလို့မကိုင်တာလာ"

ရှန်ခန့်ကဆက်ပြောနေတုန်းပဲ။

" ရန်လင်းယံကမင်းအပေါ်မကောင်းခဲ့ဘူးဆို...ငါတို့ပြန်တွေ့ တဲ့ညကမင်းမူးရူးပြီးသေအောင်အော်ငိုနေခဲ့တာလေ...မမှတ်မိဘူးလား။ ငါမင်းကိုအချိန်ဘယ်လောက်ဖြစ်ဖြစ်စောင့်ပေးနိုင်တယ် ပိုင်ချင်း... ရန်လင်းယံဆီကိုတော့ပြန်မသွားပါနဲ့...ဒီတစ်ခါတော့ ငါ့ကို အနိုင်ပေးပါ ... သူက မင်းအပေါ်
ငါ့လောက်တောင်ကောင်းပေးနိုင်လို့လား"

ပြောနေရင်း သူကဘယ်လောက်တောင်မှ မနာလိုဝန်တိုစိတ်တွေများနေလဲဆိုတာပိုပိုပြီးပေါ်လွှင်လာနေတယ်။ ပိုင်ချင်းကိုဂရုစိုက်ချင်တာထက် သူရှုံးသွားမှာကိုပိုကြောက်နေသလိုမျိုး။

THE MAN THE CROOKED (COMPLETED)Where stories live. Discover now