Unicode
လင်းပိုင်ချင်း အပြင်ထွက်သွားပြီးနောက်မှာ လင်းယံ ဘာမှ လုပ်စရာမရှိတာကြောင့် အစ်ကိုဆိုင်ဖကိုဆက်သွယ်ပြီး ပိုက်ဆံသုံးဖို့လိုနေကြောင်းပြောလိုက်တယ်။ ဒီအခါအစ်ကို ဆိုင်ဖကသူ့ကိုပွဲစဉ်တစ်ခုပို့ပေးလာပြီး ဆော့ခိုင်လိုက်တယ်။ သူလည်းမဆိုင်းမတွတစ်နာရီနီးပါးလောက်ဆော့ပြီးနောက်
မွာ အနိုင်ရရှိသူကမလွဲမသွေသူပဲဖြစ်လာပြီး ပွဲဆော့ပေးခအခကြေးငွေကိုရရှိလိုက်တယ်။ အခုတလောအတွင်း ကျောင်းကိစ္စတွေရော ၊ ပိုင်ချင်းကအမြဲတမ်းရှိနေတာကြောင့်ရောသူဖဲ သိပ်မဆော့ဖြစ်ဘူး ဆိုပေမယ့် လက်ရည်က တော့ကျမသွားဘူး။ ထို့နောက် ကိုယ်ပိုင်ငွေအကောင့်ထဲ ပိုက်ဆံရောက်လာချိန်မှာ သောက်စရာတစ်ခုခုဝယ်ချင်တာကြောင့် လမ်းထိပ်ကိုသွားဖို့ လင်းယံကအိမ်အပြင်ကို
ထွက်ခဲ့လိုက်တယ်။ ထိုအချိန် တိုက်ဆိုင်စွာပဲ မြင်ဖူးနေကျ ကားလေးတစ်စီး သူတို့အိမ်ရှေ့ကို တည့်တည့်ရပ်လာတယ်။လင်းယံကခြံပြင်ကိုခြေတစ်ဖက်သာချရသေးပြီး ကားကို မြင်တဲ့အခါ မျက်နှာကမှုန်ကုပ်သွားတော့တယ်။
" မတွေ့တာကြာပြီနော် မောင်"
ဒေါက်လှလှလေးစီးပြီး ခပ်မော်မော်ကြွားကြွားပင့်ထားတဲ့မျက်နှာလေးမှာ အဓိပ္ပါယ် များစွာပါဝင်တဲ့ အပြုံးတွေကို ဆင်မြန်းလို့ မွန်မြတ်သဒ္ဒါမေ က ကားတံခါးကိုဖွင့်ကာ
ဆင်းလာတယ်။ လင်းယံကသူမဆင်းလာတဲ့အခါ ထွက်ဖို့ ကျန်နေတဲ့ခြေတစ်ဖက်ကိုလှမ်းလိုက်ပြီးခြေစုံရပ်ကာ မျက်လုံးတွေက ရေခဲလိုအေးမြတဲ့ရောင်ခြည်တွေထုတ်လွှတ်
ပေးနေတယ်။" ဘယ်လိုလဲ ဒီအတောအတွင်း နေကောင်းတယ်မဟုတ်လား"
သူမပြောနေပေမယ့် ထိုလောကွတ်ကို
လင်းယံကစိတ်မဝင်စား သလိုမျိုး တောင့်တောင့်ကြီးရပ်နေပြီး တစ်ခွန်းမှပြန်မပြောဘူး။ မွန်မြတ်က လင်းယံတုံ့ပြန်ပုံကိုမြင်တဲ့အခါ သူမရဲ့ဆံပင်တွေကိုတစ်ချက်ခါလိုက်ပြီး ခါးသက်သက် ရယ်လိုက်တယ်။ ပြီးနောက် လင်းယံနားတစ်လှမ်းချင်း ကပ်သွားပြီး နားဖျားဆီကပ်သွားကာတိုးတိုးလေး
တစ်ခွန်းချင်းပြောလိုက်တယ်။

YOU ARE READING
THE MAN THE CROOKED (COMPLETED)
AcakMyanmar BL Fiction( own creation) Written by - Nay Kyi Htun Title - The Man The Crooked MC - Yan Linn Yan (ရန္လင္းယံ/ရန်လင်းယံ ) Age - 17 th ML - Linn Paing Chin (လင္းပိုင္ခ်င္း/ လင်းပိုင်ချင်း ) Age - 18th School life/ Player / the lair / Secret...