Unicode
" ငါ မှန်းထားတာ နောက်နှစ်လောက်မှမင်းကိုထပ်တွေ့ရမယ်လို့လေ... မထင်ထားဘူး... မျှော်လင့်ထားတာထက် ပိုစောစောတွေ့ရတာပဲ"
အခုလိုမျိုးပြန်တွေ့ခွင့်ရလို့ဘုရားသခင်ကိုတောင်ကျေးဇူးတင်ချင်နေတဲ့အတိုင်း ရှန်ခန့်ကကျေကျေနပ်နပ်နဲ့ပြုံးပြုံးကြီးကို ပြောနေတယ်။ သို့ပေမယ့်ပိုင်ချင်းကအရမ်းကြီးတော့ ဝမ်းသာမနေ ဘူး။ ဖြစ်နိုင်ရင် အတိတ်ကလူတွေတစ်ယောက်မှကို မမြင်ချင်တာ။ အခုကစပြီး တစ်ယောက်တည်းမတ်တပ်ရပ်ဖို့
ကြိုးစားတော့မယ်လို့ဆုံးဖြတ်ထားတာမို့
မတ်တပ်ရပ်ဖို့ ဘယ်လိုအရာမျိုးကိုမှကိုင်တွယ်မှီခိုပြီးမထချင်ဘူး။" ငါမနေ့ကအရမ်းမူးသွားတယ် ထင်တယ် ...sorry မင်းကိုဒုက္ခပေးမိပြီ"
ပြောရင်း သူက အိပ်ယာထကာ အဝတ်အစားတွေပြုပြင််ပြီးနောက် အိမ်ပြန်သွားဖို့ဟန်ပြင်လိုက်တယ်။
"ဒီအတိုင်းသွားတော့မလို့လား... မနက်စာစားသွားဦးလေ"
ရှန်ခန့်ပြောတော့ပိုင်ချင်းက မျက်ခုံးတွေတွန့်လို့ခဏစဉ်းစားသွားပြီး "တော်ပြီ"လို့သာပြောခဲ့တယ်။ တော်ကြာ သူများပြင်ပေး တဲ့မနက်စာကိုစားရတာ အကျင့်ထပ်ပါသွားပြန်ဦးမယ်။
" ငါလိုက်ပို့ပေးမယ်လေ... အခုဘယ်မှာနေနေတာလဲ"
ပိုင်ချင်းထွက်သွားတော့ရှန်ခန့်ကနောက်ကနေ ဇွတ်အတင်းလိုက်လာတယ်။ ပိုင်ချင်းက ရှန်ခန့်ရဲ့အကောင်းစားတိုက်ခန်းကနေထွက်လာပြီးတဲ့နောက်မှာ ရှန်ခန့်နဲ့မျက်နှာချင်းဆိုင်ကိုလှည့်လိုက်တယ်။
" မင်းမျှော်မှန်းထားတာနောက်နှစ်ငါတို့တက္ကသိုလ်တွေတက်ကြတဲ့အချိန်ကျမှမလား ။ ငါတို့အဲ့ဒီအချိန်ကျမှပြန်တွေ့ကြတာပေါ့။ အခုငါတို့မှာ နောက်ဆုံးနှစ်ကျန်နေသေးတယ်လေ။ ငါနေတဲ့နေရာသိရင်တောင် မင်းလည်းငါနဲ့ပျော်ဖို့အချိန်မရှိသလို ငါလည်းမင်းနဲ့ပျော်ဖို့အချိန်မရှိဘူး"
ပိုင်ချင်းက တည်တည်ငြိမ်ငြိမ်နဲ့ပြောတယ်။
ဒီအခါရှန်ခန့်က အတော်ကြာအောင်စဉ်းစားနေပြီးမှ ခေါင်းငြိမ့်လာတယ်။ အဲ့ဒီနောက်သူက ပိုင်ချင်းနဖူးပေါ်ကျနေတဲ့ဆံပင်လေးကို
လက်ချောင်းလေးနဲ့အသာအယာလှမ်းထိပြီး ယောကျာ်း ဆန်တဲ့အသံနဲ့ ဆွဲဆောင်မူရှိစွာပြောတယ်။
YOU ARE READING
THE MAN THE CROOKED (COMPLETED)
RandomMyanmar BL Fiction( own creation) Written by - Nay Kyi Htun Title - The Man The Crooked MC - Yan Linn Yan (ရန္လင္းယံ/ရန်လင်းယံ ) Age - 17 th ML - Linn Paing Chin (လင္းပိုင္ခ်င္း/ လင်းပိုင်ချင်း ) Age - 18th School life/ Player / the lair / Secret...