Unicode
" ပိုင်ချင်း "
လင်းယံအသံက အားကိုးရာတွေ့သွားသည့်နှယ် ပိုင်ချင်း ရင်ခွင်ထဲ အတင်းတိုးဝှေ့နေရင်း ပုခုံးနဲ့လည်တိုင်တွေကြားမှာမျက်နှာလေးကို ဝှက်လို့ထားတယ်။ ထိုမျက်နှာလေးမှာ ဒီလိုပြုမူရတာကို အရမ်းသဘောကျနေပုံရှိတဲ့အပြုံး သေးသေးလေးဖြစ်ထွန်းနေပြီး
ဒီထက်ပိုပြီး ပိုင်ချင်း ကိုယ်ထဲမှာနစ်မြုပ်ချင်နေပုံရတယ်။ သို့ပေမယ့် ပိုင်ချင်းကလည်း ဒဏ်ရာအတိမ်အနက်ကိုကြည့်ချင်နေတာမို့
သူ့မျက်နှာကိုအတင်းဆွဲမော့လိုက်တဲ့အခါ လင်းယံ နှုတ်ခမ်းတွေမဲ့ကျသွားပြီး ပြိုတော့မယ့်မိုးလို ဟန်ဆောင် နေတော့တယ်။"အရမ်းနာနေလား။ဒီမှာဘာတွေဖြစ်သွားတာလဲ မဟုတ်မှဟိုလူတွေပြန်လာတာလား"
လင်းယံမျက်နှာကို ကိုင်ထားတဲ့ပိုင်ချင်းရဲ့အေးစက်စက် လက်တွေကတစ်ဆင့် သူ ဘယ်လောက်စိတ်ပူနေကြောင်းကို
လင်းယံခံစားမိနေတယ်။ သို့သော်ငြား ဒါကိုသူအခွင့်အရေး ယူစရာတစ်ခုလို့ပဲ ပြေးမြင်နေပြီး မျက်လွှာလေးကိုချကာ သနာဖွယ် ဟန်ပြုရင်းဆိုလိုက်တယ်။"ငါပြောပြရင်မင်းစိတ်မကောင်းဖြစ်မှာလား"
ဒီစကားက တစ်ခုခုကိုရည်ညွှန်းနေပေမယ့် ပိုင်ချင်း အတွေးထဲရောက်လာသမျှကိုပယ်ချပစ်ရင်း ခေါင်းရမ်းပြ လိုက်တယ်။
"မဖြစ်ဘူး... မင်းပြော... မင်းမပြောပြရင်သာ ငါစိတ်မကောင်းဖြစ်မှာ"
"သေချာတယ်နော်"
"အင် သေချာတယ်"
အခိုင်အမာ ပြောလိုက်ပေမယ့် သူကြောက်တယ်။ အစက သတိမထားမိပေမယ့်သွေးစွန်းနေတဲ့အိမ်ဂရံကိုကြည့်ပြီး
ပိုင်ချင်း အဖြေကိုမကြားချင်တော့သလိုတောင်ဖြစ်လာတယ်။ ဒီအိမ်ကြီးပေါ်မှာ ဘယ်ဆွေမျိုး ညီအစ်ကိုမောင်နှမရင်းချာကိုမှ
လာမနေစေရခြင်းအကြောင်းအရင်းက
အိမ်ဂရံပိုင်ဆိုင် လိုမူကြောင့် အမျိုးတစ်သိုက်ကြား အိမ်လုပွဲတွေဖြစ် ကုန်မှာစိုးလို့ဖြစ်တယ်။ အဓိက ကတော့အစ်ကို အကြီးဆုံးကြောင့်လို့ ဆိုရမှာပေမယ့် သူကဆိုးတယ်
ဆိုရင်တောင်မိဘပိုင်အိမ်ကိုတော့ ရန်မပြုလောက်ဘူး။
YOU ARE READING
THE MAN THE CROOKED (COMPLETED)
عشوائيMyanmar BL Fiction( own creation) Written by - Nay Kyi Htun Title - The Man The Crooked MC - Yan Linn Yan (ရန္လင္းယံ/ရန်လင်းယံ ) Age - 17 th ML - Linn Paing Chin (လင္းပိုင္ခ်င္း/ လင်းပိုင်ချင်း ) Age - 18th School life/ Player / the lair / Secret...