Unicode
"ဟားဟား... ဟားဟား ...ဟားဟား"
"မင်းရယ်နေတာရပ်မလား ငါရေနဲ့ပတ်ရ
မလား""ဟားဟား... ဟားဟား ပိုင်ချင်းမင်းက
ငတုံးပဲ ဟားဟား"ဒီနေ့ က ကျောင်းပိတ်ရက် ဒုတိယမြောက်နေ့ဖြစ်တယ်။ ကျီးကန်းလန့်ပြေးလောက်အောင်အော်ရယ်နေတဲ့အသံနဲ့ စိတ်ရှုပ်စွာမာန်မဲ
နေသံက အိမ်ကြီးနဲ့အိမ်သေးလေး အလယ်
မှာ ရှိ တဲ့ ရေတွင်းဆီက လာတာဖြစ်တယ်။ ထိုအခိုက်မှာ ပိုင်ချင်းက တစ်ပတ်လုံးစာအဝတ်တွေကို ကြိုးစားပမ်းစား လျှော်ဖွတ်နေပြီး လင်းယံကတော့ဘေးကနေထိုင်ကြည့်ကာ
လှောင်ရယ်နေတော့တယ်။" မင်း ဝေးဝေးသွားနေစမ်း!"
"ဟက်ဟက်... မင်း လုပ်နေတာ မဟုတ်ဘူးလေ"
"ငါတစ်သက်လုံးဒီလိုပဲလျှော်လာတာ... ဘာမှ
မဖြစ်ဘူး ဒီလိုလုပ်တာမှန်တယ်"" မမှန်ဘူး.. မင်းမှားနေတာ... အဝတ်မလျှော်ခင် ရေ အရင်စိမ်ထားရသေးတယ်"
"ငါစိမ်တာပဲ"
"အဲ့လိုမဟုတ်ဘူး.. မင်းကအဝတ်အရင်
ထည့်ပြီးရေလောင်းထည့်တာ... တကယ်က ပုံးထဲကို ရေအရင်ထည့်ရတာ""အတူတူပဲလေ "
"မတူဘူးဆိုကွာ"
ပိုင်ချင်းမှာ မျက်ခုံးတွေနဖူးကြောတွေရှုံ့တွလို့ လင်းယံကို ရိုက်နှက်ပစ်ချင်စွာ စိုက်ကြည့်နေတယ်။ သူဟာ ဆယ့်ရှစ်နှစ်တာကာလ ပတ်လုံး အမေနဲ့အစ်မတွေရဲ့အလိုလိုက်ခြင်းခံခဲ့ရတာဖြစ်ပြီး ဒီလို မတတ်မြောက်မူအတွက် လှောင်ပြောင်ခြင်းကိုမခံခဲ့ရဖူးဘူး ။ ထိုအစား ချစ်မြတ်နိုးစွာ ကျီစယ်ခြင်းကိုသာ လက်ခံရရှိဖူးတာဖြစ်တယ်။
" ဒါဆို မင်းလာလျှော်ပေးလိုက်လေ"
" လျှော်ပေးစရာလား... ငါသင်ပေးမယ်
လိုက်လုပ်"မကျေမနပ် သူ ပြောတော့ လင်းယံက ထလာကာ အဝတ်တွေကိုတဘုတ်ဘုတ်ရိုက်နေတဲ့သူလက်ထဲက လက်ရိုက်တုတ်ကိုဆွဲယူလိုက်တယ်။
"ဘရက်နဲ့တိုက် အဝတ်နာတယ်"
ဘရက် ကိုမေးဆတ်ပြပြီး တစ်ဆက်တည်း ထိုလက်ရိုက် တုတ်နဲ့ အစုလိုက်ဖြစ်နေတဲ့ အဝတ်တွေကို ထိုးဖြဲပြလာတယ်။
YOU ARE READING
THE MAN THE CROOKED (COMPLETED)
RandomMyanmar BL Fiction( own creation) Written by - Nay Kyi Htun Title - The Man The Crooked MC - Yan Linn Yan (ရန္လင္းယံ/ရန်လင်းယံ ) Age - 17 th ML - Linn Paing Chin (လင္းပိုင္ခ်င္း/ လင်းပိုင်ချင်း ) Age - 18th School life/ Player / the lair / Secret...