(Unicode)
ယွိကျန်းတုမှာ တစ်ဖက်က ပြောလာတဲ့ စကားတွေကြောင့် ကြောင်အမ်းသွားရကာ
ကိုယ့်ကိုယ်ကိုယ် လူနဲ့စိတ်နဲ့ပြန်ကပ်ဖို့ အချိန်ခေတ္တမျှ ယူလိုက်ရသည်။"စိတ်မရှိပါနဲ့...ကျွန်တော် သေသေချာချာ မကြားလိုက်ရလို့ပါ..
တစ်ခေါက်လောက် ပြန်ပြောပေးလို့ရမလားဗျ?"သို့နှင့် လူအိုကြီးလည်း စကားများကို တစ်ဖန် ထပ်ပြောရသည်။
သူက ဒီတစ်ကြိမ်တွင်တော့ စကားကို အဖိအဖော့နှင့် သေချာစွာပြော၏။"ဒီမှာလူလေး..ငါ့ဘ၀တစ်လျှောက်လုံး သူတစ်ပါးထိခိုက်နစ်နာစေတဲ့ ပြစ်မှုမျိုး တစ်ခါမှ မကျူးလွန်ခဲ့ဖူးဘူး...
အဲ့တော့ လူသားအနေနဲ့ ပြန်လည် မ၀င်စားရရင်တောင် အနည်းဆုံး နွားတစ်ကောင်ဖြစ်ဖြစ် မြင်းတစ်ကောင်အနေနဲ့ ဖြစ်ဖြစ် ပြန်လည်၀င်စားသင့်တာပေါ့...
ဘာလို့ ငါက ၀က်ဖြစ်ရမှာလဲ?"ယွိကျန်းတု-"..............."
ယွိကျန်းတုလည်း ချောင်းအသာဟန့်လိုက်အပြီးမှာ တုံ့ပြန်လိုက်သည်။
"လူကြီးမင်းခဗျာ...ဒါက ကျွန်တော်တို့အလုပ်နဲ့ဆိုင်တဲ့ ရုံးဖုန်းနံပတ်ပါ...
စချင်နောက်ချင်စိတ်နဲ့ ခေါ်လို့ရတဲ့ ဖုန်းမဟုတ်ပါဘူး"သူ ပြောပြီးတော့ ဖုန်းချလိုက်ပြီးနောက်တွင် တွေးကြည့်လိုက်မိသည်။
ဒီဖက်ခေတ် အသက်ကြီးကြီး လူတွေအတွက် လူမြင်ကွင်းမှာ အုပ်စုလိုက် ၀တ်စုံဆန်းဆန်းတွေနဲ့ လေ့ကျင့်ခန်းလုပ်တာအပြင် ကြက်ဥအရောင်းအ၀ယ်ကပါ အလုပ်မဖြစ်တော့လို့များလား??
ယွိကျန်းတုလည်း ခေတ်မီတိုးတက်လာတဲ့ ရေစီးကြောင်းမှာ လူကြီးတွေ အရာမ၀င်တော့ကြောင်း သက်ပြင်းတချချ ဖြစ်မိပြီးနောက်တွင် နေ့လည်စာစားရန်အတွက် အောက်ထပ်သို့ ဆင်းလာလိုက်၏။
နေ့လည်ထမင်းစားချိန်စေ့၍ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်အသစ်စက်စက်လေးတွေက ရုံးအတွင်း ပြန်လည် ၀င်ရောက်လာကြသည်။
ယွိကျန်းတုက စောနကလေးကတင် ၀င်လာတဲ့ အပြောင်အပျက် ဖုန်းကို သိပ်ပြီးစိတ်ထဲ မထားပါ။
သူက အင်တာနက်ပေါ်တက်ပြီး အလုပ်ထွက်စာကို လှပသေသပ်စွာ ရေးလို့ရအောင်ပြင်ပေးထားတဲ့ အလကားသုံး ဖောင်တွေကို ဒေါင်းလုပ်ဆွဲပြီး အလုပ်မဆင်းခင် လုလင်းရှီဆီမှာ အပ်ခဲ့လိုက်ဖို့ ဟန်ပြင်နေခဲ့သည်။