-119- (အနီရောင် အင်္ကျီလက်အနားစဟာ သင်းရနံ့တို့အား ဖြည့်တင်းပေးလေရဲ့)

715 168 10
                                    

(Unicode)

(မူရင်းမှ ဘာသာပြန်ထားသူ၏ အမှာစာအား ဘာသာထပ်ပြန်ထားသော အမှာစာ - ခေါင်းစဉ်နာမည်က တရုတ်စကားပုံ တစ်မျိုးပါ
ရှေးခေတ်သမိုင်းဝင်အချိန်တုန်းက စာသင်သားပညာတော်သင်တွေ နိုင်ငံတော် စာမေးပွဲ ဖြေဆိုဖို့ ပြင်ဆင်ကြချိန်မှာ ၎င်းတို့ဖို့ စိတ်ပိုင်းဆိုင််ရာ ခွန်အား ဖြစ်စေဖို့ ဘေးနားကနေ ခစားအားဖြည့်ပေးရတဲ့ မိန်းမလှလေးတွေအကြောင်း ရည်ညွှန်းထားခြင်း ဖြစ်ပါတယ်)

User s13j သည်ကား ဖူမြို့ နည်းပညာတက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်ပြီး အမည်ရင်းမှာ ဖန်းရွှယ်ဟိုက် ဖြစ်ပေသည်။ ၎င်းထံ၌ ကလေးမျက်နှာဝိုင်းဝိုင်းလေးရှိ၍ အပြင်မှာ လူချင်းတွေ့မြင်ရသည့် အကျင့်စရိုက်သည်လည်း အွန်လိုင်းပေါ်က အကောင့်ပိုင်ရှင်အတိုင်း အူကြောင်ကြောင် ဖြစ်နေဆဲမို့ ကိုက်ညီမှု ရှိလှသည်ဟု ဆိုရပေမည်။

ယွိကျန််းတုနှင့် ရှန်းချွယ့်တို့အား ကျောင်းအပေါက်ဝတွင် မြင်လိုက်ရသောအခါ ဖန်းရွှယ်ဟိုက်မှာ ကြောက်ခမန်းလိလိ ဖြစ်သွားခဲ့ရ၏။
ပါးစပ်အဟောင်းသားဖြစ်လျက် ထိုသူမှာ ပြောလာခဲ့တော့သည်။
"ဝါး ခင်ဗျားတို့ ကုမ္ပဏီရဲ့ ကာစတန်မာဆားဗစ်တွေကလည်း မိုက်လိုက်တာ...
ကုမ္ပဏီရဲ့ CEO နဲ့ စီနီယာတို့ကိုယ်တိုင် ပစ္စည်း လာလဲပေးတာပေါ့??"

ယွိကျန်းတုလည်း အကျယ်တဝင့် မည်သို့ ရှင်းပြပေးရမည်မှန်း မသိ။  သူ၏ မြေအောက်လောကသုံး ဖုန်းကိုသာ ဖွင့်လိုက်၍ မြေအောက်လောကစွမ်းအင် ရှာဖွေရေး app ကို နှိပ်ကာ ဖန်းရွှယ်ဟိုက်၏ ခန္ဓာကိုယ် ခြေဆုံးခေါင်းဆုံးအား scan ဖတ်ကြည့်လိုက်ရတော့သည်။

ထိုသူ၏ ခန္ဓာကိုယ်ပေါ်၌ မူမမှန်သည့် စွမ်းအင်များ ကပ်ကျန်မနေတာကို သိရကာမှ အလဲအထပ် လုပ်ရမည့် ကျောက်စိမ်းတုံးအား လက်ထဲ ထည့်ပေးလိုက်ရပြီး ပစ္စည်းအဟောင်းအား တောင်းကြည့်ခဲ့လိုက်ရသည်။

"ငါတို့ကို အဲ့ဒီ အက်ကွဲကြောင်းရာကြီး ပါနေတယ်ဆိုတဲ့ ကျောက်စိမ်းတုံးလေး ပြဦး"

"ဩ ဟုတ်သား"
ဖန်းရွှယ်ဟိုက်သည်လည်း ကျောက်စိမ်းတုံးထည့်ထားသော သေတ္တာဘူးလေးအား အဖုံးဖွင့်ပြကာ ထုတ်ပေးလာခဲ့သည်။

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now