-27- (အာရုံစိုက်ခံ လူတန်းစား)

3.8K 704 42
                                    

(Unicode)

တကယ်တမ်းကျ ယွိကျန်းတုလည်း အခုလောက်အစောကြီးကတည်းက ကျန့်ယန်ကို ခြောက်လန့်ဖို့ မရည်ရွယ်ထားခဲ့ပါ။

သို့သော် အသေအချာစဉ်းစားကြည့်ရင် တခြားရာထူးနေရာက လူတွေကိုသာ လိမ်ဖို့ လွယ်ချင်လွယ်ပေလိမ့်မည်
ကျန့်ယန်လိုရာထူးနေရာက လူကျ တစ်ထပ်တည်း လုပ်ဖို့ဆိုသည်မှာ မလွယ်ကူလှ....
အထူးသဖြင့် သူ့လို သေခြင်းရှင်ခြင်းစာရင်းဇယားတွေအတွက် web design တိုက်ရိုက်ပြုလုပ်ရမည့် လူတစ်ယောက်အတွက်
ဒီကုမ္ပဏီအကြောင်း လိမ်လည်ထားဖို့ဆိုသည်မှာ ခက်ခဲလှပေ၏။

အဲ့ဒီထက်ပိုတာက ကျန့်ယန်ရဲ့တုံ့ပြန်မှုက အခုလောက်ကြီးထိ ဖြစ်နေခဲ့လိမ့်မယ်မှန်း မထင်ထားခဲ့ခြင်းပေ။
တောက်ဓမ္မမိသားစုရဲ့ ဆက်ခံသူသာဆို ဒီလိုကိစ္စမျိုးက အရင်ကတည်းက ရင်းနှီးနေပြီးသားဖြစ်နေရမှာမဟုတ်လား...
အခုက ဘာလို့ ဒီလောက်ကြီးထိ...??

ကျန့်ယန်မှာ ခဏလေးအတွင်း ဖြူဖျော့သွားခဲ့လေ၏။
သူက နေရာမှာတင် စတင်အော်ဟစ်ပြီး အော်သံကြီးကလည်း ကြက်သံကြီးတောင် သွားပေါက်နေလိုက်သေးသည်။

ဒါတင်မကသေး....သူက ပါးစပ်ကနေလည်း ဘာတွေမှန်းမသိတဲ့ ဂါထာလိုလို မန်းလိုလိုဟာတွေ မှုတ်လိုက် ရွတ်လိုက်နဲ့ သူ့အိတ်ကပ်ထဲက ရွှေဝါရောင်‌စက္ကူတွေကို ဆွဲထုတ်လာခဲ့သည်။....
"မကောင်းဆိုးဝါး....မကောင်းဆိုးဝါးဆိုသည်မှာ ချုပ်ထိန်းနိုင်ရာ..
ကျွန်တော်မျိုးကို...ရွှမ်..ရွှမ် ပေးသနားတော်မူပါ...
အားးး ...နောက်တစ်ပိုဒ်ကို မမှတ်မိတော့ဘူး"

သူက အိတ်ကပ်ထဲ ပါသမျှ ရွှေဝါ
ရောင် စက္ကူတွေကို အခန်းတစ်ခုလုံး ပျံ့နှံ့သွားအောင် ကျဲပစ်လိုက်သည်။
ထို့အပြင် သူ သယ်လာတဲ့ ကျောပိုးအိတ်ထဲကနေ လက်တစ်ဝါးစာလောက် အရွယ်အစားရှိတဲ့ သစ်သားဖြင့်ပြုလုပ်ထားသော ဓားတိုတစ်ချောင်း နှင့် ရှစ်ချင်းသွယ်ကြေးမုံတို့ကို ‌ထုတ်ယူကာ အော်ဟစ်လိုက်သည်။
"ဒီကို မလာနဲ့!! အနားကို ကပ်မလာခဲ့နဲ့!!!
ငါက လဲ့တုပြည်ရဲ့ ကျန့်တောက်ဓမ္မအစည်းအရုံးကပဲ!
ငါ့ဓားက မင်းကို ထိတဲ့အချိန်ကျရင် မင်းရဲ့ သွေးတွေ နေရာတကာကို လွင့်စင်သွားလိမ့်မယ်"

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now