(Unicode)
ပရိသတ်များအနေနဲ့ ဖြစ်မြောက်အောင်မြင်သွားပြီပြီမို့ ယွိပါးပါးနှင့်မားမားတို့၏ ဖူမြို့သို့အလည်တစ်ခေါက် ခရီးစဉ်မှာ စိတ်တိုင်းကျစွာ ပြီးမြောက်သွားခဲ့လေသည်။ နှစ်ရက်ကြာသော် ယွိကျန်းတုနှင့် ရှန်းချွယ့်တို့လည်း အိမ်ပြန်ပို့ပေးဖို့ရန် မိဘနှစ်ပါးအား ရထားဂိတ်သို့ လိုက်ပို့ပေးဖြစ်ခဲ့သည်။ရထားမလာသေးခင်မှာ ရှန်းချွယ့်က ယွိပါးပါးအား အလေးအနက် ကတိတစ်သီတစ်သန်း ပေးနေခဲ့တော့၏။
"ကျွန်တော် ကားတစ်စီးလောက်တော့ အဖြစ်နိုင်ဆုံး ခပ်မြန်မြန်လေး ၀ယ်ထားလိုက်ပါ့မယ်!"ယွိပါးပါးမှာ ထိုစကားအသွားအလာ၌ တစ်ခုခုကတော့ အနှောင့်အသွားမလွတ်သလို ခံစားနေခဲ့ရသော်လည်း ထိုခံစားချက်အားတိတိကျကျ လက်ဆုပ်လက်ကိုင် မပြပေးနိုင်ချေ။ ပြုံးဖြီးဖြီးလုပ်ရင်းနဲ့ပဲ...
"အဲ့လိုဆိုရင်တော့ မင်းကို ကြိုပြီး ဂုဏ်ပြုပေးထားရမှာပေါ့"ယွိမားမားလည်း ဘေးနားမှ ၀င်၍ ဖြည့်စွက်ပြောလာခဲ့၏။
"ရှောင်ရှန်းရဲ့ အရှိန်အဝါတွေနဲ့ဆို ဇိမ်ခံကားတစ်စီးလောက်မှ လိုက်ဖက်မယ်နော်"ရှန်းချွယ့်၏ မျက်နှာမှာ အနည်းငယ် တောင့်ခဲသွားခဲ့၍
တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်စွာဖြင့်။
".........ယွမ်နှစ်သိန်းတန် ကား လောက်ဆိုရင်ကို မရဘူးပေါ့?"ယွိမိဘများမှာ တစ်ယောက်နှင့်တစ်ယောက် ပေကလည် ပေကလည် အကြည့်ချင်းဖလှယ်မိသွားကြသည်။ ရှန်းချွယ့် ဘာကြောင့်များ ထိုကဲ့သို့ ပြန်မေးလာရသည်ဆိုတာကို နားမလည်နိုင် ဖြစ်နေခဲ့ကြရသည်။
သူတို့က ဒီတိုင်း အာလပသလာပ ပြောလိုက်ရုံပဲလေ..
ရှန်းချွယ့်က အတည်ပေါက် အဓိပ္ပါယ်ကောက်သွားတာများလား?ယွိကျန်းတုမှာ ငိုရခက် ရယ်ရခက်ဖြင့်။ သူမှ ကြား၀င် မဖြေဖြန်ပေးရင် မရတော့သည့်အခြေအနေမို့။
"ဟုတ်ပါပြီ ဟုတ်ပါပြီ ရထားပေါ် တက်စရာရှိ တက်ကြတော့
နောက်ကျနေဦးမယ်"ယွိပါးပါးနှင့်မားမားတို့မှာ ရထားပေါ်မတက်ခင်အထိ နောက်ပြန်လှည့်ကြည့်ရင်း လက်ဝေ့ယမ်းပြကာ ခရီးဆောင်အိတ်များအား ဆွဲတင်သွားခဲ့တော့သည်။