(Unicode)
ယွိကျန်းတု၏ မွေးရပ်မြေမှာ ကျင်းထန်ရွာလေးဖြစ်ပြီး ၎င်းမှာရှုမြို့၏အိမ်နီးချင်းစီရင်စုထဲတွင်တည်ရှိသည်။
ရှုမြို့ရဲ့ ဆင်ခြေဖုံးရပ်မှာပဲ ရှိတာကြောင့် ပထဝီမြေအနေအထားအရ မြို့ကြီးပြကြီးနှင့်အလွန်နီးကပ်၏။သို့သော် ရွာငယ်လေးဖြစ်တဲ့အလျောက် လုပ်ကိုင်စားသောက်လို့ရတဲ့ စီးပွားရေးလည်းများများစားစားမရှိတာမို့ ရွာခံတွေအနေနဲ့ စား၀တ်နေရေးကို တစ်ခြားအရပ်တွင်သာ သွားရောက်ရှာဖွေကြရသည်။
ထိုကဲ့သို့သွားရောက်ရှာဖွေကြသူများမှာ စီးပွားရေးအရာ၌ တစ်ဖက်ကမ်းခတ် ထူးချွန်ကြသူတွေများတာမို့ ထိုသူတို့က ငွေအနည်းငယ်စုမိဆောင်းမိချိန်တွင် ရွာကိုပြန်လာပြီး ထောက်ပံ့ပေးကြသည်။
ယင်းအချက်ကြောင့် ရွာရှိမိသားစုတော်တော်များများမှာ လုပ်ငန်းမည်မည်ရရ မရှိကြသော်လည်း စား၀တ်နေရေးချောင်လည်ကြတဲ့သူတွေချည်းဖြစ်ကြ၏။ယွိကျန်းတုမှာ သူ့မိသားစုထဲ၌ တစ်ဦးတည်းသော သားပင်။
သူ၏အဖိုးအဖွားတွေက သူငယ်စဉ်ကလေးဘ၀မှာတင် ဆုံးပါးသွားကြတာကြောင့် သူလည်း ဖူမြို့မှာ ကျောင်းသွားတက်ရော
သူ့မိဘတွေသာ အိမ်မှာ ကျန်နေခဲ့ရသည်။
ဘ၀နေထိုင်မှုပုံစံက အရင်ကတည်းက တစ်သီးတစ်သန့်ဆန်ပြီး မိတ်ဆွေရယ်လို့ သိပ်မရှိကြတဲ့သူတွေမို့လို့
ယွိကျန်းတုဖက်မှ ဖုန်းကနေတစ်ဆင့် လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို ချင်းမင်ရက်ကျ အိမ်ခေါ်လာမယ် ပြောမိတော့
မိဘတွေမှာ အနည်းငယ် ထူးဆန်းကုန်ကြသော်ငြား လှိုက်လှိုက်လှဲလှဲ ကြိုဆိုပေးကြပါသည်။**********************
"ပါး! မား! သား ပြန်ရောက်ပြီ"
ယွိကျန်းတု အပေါက်၀မှာ ရပ်အော်လိုက်၏။"ပြန်လာပြီလား? အမေ သတင်းတွေမှာတွေ့တာ ဒီရက်ထဲ ကားလမ်းတွေ အတော်ကြပ်တယ်ဆို
ဟုတ်လား?"
ယွိမားမားမှာ အေပရွန်တစ်ထည်ကို၀တ်ဆင်ထားရင်း တံခါးမဖွင့်ပေးမီ သူမလက်ကို အ၀တ်၌ သုတ်လိုက်သည်
တံခါးဖွင့်ပေးပြီးပြီးချင်းပဲ သူမ မျက်လုံးများက ၀င်းလဲ့သွားပြီး အသံကလည်း နှစ်ဆလောက်ပိုကျယ်လာ၏...
"ဒါ သားရဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်ရမယ်?"