(Unicode)
ချင်းယွဲ့ကျန်း၏ မျက်နှာထားမှာ လူလိမ်များနှင့်တည့်တည့်လာတိုးသည့်သူတစ်ယောက်ကဲ့သို့။ယွိကျန်းတုမှာ ယခုကဲ့သို့ တုံ့ပြန်မှုများကို အသားကျနေပေပြီ။ သို့နှင့်သူလည်း လုပ်ငန်းလိပ်စာကတ်ကို ပရော်ဖက်ရှင်ဆန်ဆန်ပဲ ထုတ်ပေးလိုက်ပြီး ရှင်းပြလိုက်ရသည်။
ထို့အပြင် သူက အပိုထပ်ဆောင်း ကတိပါပေးလိုက်သေး၏။
"ငါတို့ကုမ္ပဏီရဲ့ ဆောင်ပုဒ်က စီးပွားရေးကို ရိုးသားမှု ထိပ်တန်းတင်ပြီး လုပ်တယ် ဆိုတာမျိုးပါ...
လာအပ်တဲ့အလုပ်ကို အောင်အောင်မြင်မြင် မလုပ်ပေးနိုင်ခဲ့ရင် ငါတို့ဖက်ကလည်း ပိုက်ဆံမကောက်ခံပါဘူး
အဲ့တာကြောင့် အလိမ်ခံရမှာ လိမ်သွားမှာတွေကို စိတ်ပူမနေလည်း ရပါတယ်"ချင်းယွဲ့ကျန်း : "................"
ပြောပြလာနေသည့် တစ်ဖက်လူရဲ့ စိတ်ရင်းကိုတော့ခံစားမိပါရဲ့...
သို့ပေသိ သူရှင်းပြနေတဲ့ အကြောင်းအရာက....နည်းနည်းတော့ ဝေဖန်ခွဲဖြာဖို့ ခဲယဉ်းလှတယ်ချင်းယွဲ့ကျန်း အတွေးနယ်ချဲ့နေစဉ်မှာပဲ ရှန်းချွယ့်က ရုတ်တရက်ပြောလာခဲ့သည်။
"မင်းကို အဲ့ဒီလက်ကောက် လက်ဆောင်ပေးထားတဲ့သူ......
အဲ့ဒီလူက မင်းကို အများကြီးသဘောကျနေခဲ့ပုံရတယ်...
ဟုတ်တယ်မလား"ချင်းယွဲ့ကျန်းမှာ မျက်လုံးအိမ်တို့ ရုတ်ချည်း ပြူးကျယ်သွားခဲ့ရသည်။
လက်ဆုပ်လက်ကိုင်ပြနိုင်ရလောက်အောင်ထိမဟုတ်သော စိတ်လှုပ်ရှားမှုတို့က သူ့အသံတွင် ကပ်ပါလာခဲ့သည်။
"ခင်ဗျား ဘာလို့အဲ့လိုပြောတာလဲ?""အဲ့ဒီလက်ကောက်က မင်းကိုတော့ ဒုက္ခမပေးဘဲ မင်းကို ဒုက္ခရောက်စေတဲ့သူတွေကို တန်ပြန်ထိခိုက်အောင် လုပ်တယ်လေ"
ရှန်းချွယ့်က မျက်နှာရိပ်မျက်နှာကဲ တစိုးတစိမျှ ပြောင်းလဲသွားခြင်းမရှိဘဲ လက်ကောက်ကို စိုက်ကြည့်နေဆဲ။
သို့သော် အမည်တပ်ဖော်ပြနိုင်စွမ်းမရှိသော ခံစားချက်များကတော့ သူ၏ မျက်၀န်းအိမ်အတွင်း ပြည့်နှက်နေခဲ့သည်။
"မင်း ဒီကိစ္စကို အခုချက်ချင်း မဖြေရှင်းဘူးဆိုလို့ရှိရင် အဲ့ဒီအရာက အနှေးနဲ့အမြန် မင်းနားမှာရှိသမျှကို အသက်အန္တရာယ်ပေးလာတော့မှာ.....
မြင်သာအောင် ပြောရရင် ဒီနေ့ဖြစ်သွားတဲ့ကိစ္စမှာ မင်းရဲ့ ခါးစည်းကြိုးကို စည်းပေးဖို့ တာ၀န်ကျတဲ့ အလုပ်သမားလေး ဖြစ်သွားခဲ့သလိုမျိုး..."