(Unicode)
ရွာနှင့် ဝေးရာကို ရောက်လာကာမှ ယွိကျန်းတုလည်း ရှန်းချွယ့်အား မေးကြည့်လိုက်ရသည်။
"လူမျက်နှာ ကပ်ပါးကောင်ဆိုတာ ဘာကြီးလဲ?""လော့ဖုန်းတောင် အောက်ခြေက ဘယ်တော့မှ ပြန်လည်မ၀င်စားနိုင်တော့တဲ့ မကောင်းဆိုးဝါးဝိဉာဉ်တွေ"
ရှန်းချွယ့်၏ အသံက နက်နဲနေလှသည်။ ၎င်းက ရှေ့တည့်တည့်ကို ရှေးရှုနေခဲ့ရင်း ၎င်း၏ မျက်လုံးများမှာ အောက်ခြေကင်းမဲ့ရာ မရဏချောက်နက်ကြီးကဲ့သို့ပင်။ ဆိုရသော် ၎င်းသည်ကား ဘယ်သူမှ မမှတ်မိနိုင်တော့သော အတိတ်တစ်ချိန်က ဖြစ်ရပ်အချို့ကို ပြန်လည်တွေးတောနေဟန်။"ငါထင်ထားတာ သူတို့တွေအကုန်လုံး မြေကြီးအောက်နက်နက်ထဲကို စိမ့်၀င်သွားခဲ့ကြပြီး ဘယ်တော့မှ နေ့အလင်းရောင်ကို ပြန်တွေ့နိုင်လောက်တော့မှာ မဟုတ်ဘူးလို့လေ"
အတိတ်တစ်ချိန်တုန်းက လော့ဖုန်းတောင်ဟာ များစွာလှသော ထောင်နှင့်သောင်းနှင့်ချီသည့် ဖျက်ဆီးချေမှုန်းခြင်းတစ္ဆေများကို ပင်လယ်အော်ဖက်တွင် ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။ ထိုဖျက်ဆီးချေမှုန်းခြင်းတစ္ဆေများမှာ ကမ္ဘာလောကရှိ
မကောင်းဆိုးဝါးစွမ်းအင်တို့အားကောင်းမှု အထွတ်အထိပ် လည်း ဖြစ်ခဲ့ကြသေးသည်။နေ့စဉ်ရက်ဆက် ၊ ထိုတစ္ဆေများက နိရယငရဲပင်လယ်မှာ ရေနစ်ခြင်း အပြစ်ဒဏ်ကို ခံစားရပေသည်။ ဘယ်သောအခါမှ ပြန်လည်၀င်စားခွင့်မရှိကြ။
မရေမတွက်နိုင်လောက်အောင် များပြားသည့် နှစ်များ ကုန်လွန်သွားသောအခါ လော့ဖုန်းတောင်တွင် အခေါင်းပေါက်တစ်ခု ပေါ်ထွက်လာခဲ့သည်။ ဖျက်ဆီးချေမှုန်းခြင်းတစ္ဆေများက ထိုအဖြစ်ကို အခွင့်ကောင်းယူကာ ထွက်ပြေးဖို့ ပြင်ဆင်ကြသည်။
ဤဖျက်ဆီးချေမှုန်းခြင်းတစ္ဆေများမှာ လော့ဖုန်းတောင်၏ အစောင့်အကြပ်အောက်ကနေလည်း ရှောင်ပြေး ပုန်းကွယ်ဖို့ လိုသလို နောက်ဘ၀ကိုကျလည်း ပြေး၀င်စားလိုက်လို့ မရကြ။
ထိုအခြေအနေမှာ ၎င်းတို့က လူ့ခန္ဓာကိုယ်တွေပေါ်မှာ ကပ်တွယ်နေထိုင်သည့် ကပ်ပါးကောင်များ ဖြစ်လာခဲ့ကြတော့သည်။