(Unicode)
ရှန်းချွယ့်က အလွန်အင်မတန် သဘာ၀ကျနေကာ လွန်စွာမှ တည်ငြိမ်နေ၏။
စိတ်ကအလုံးစုံဗလာကျင်းနေလျက်မှ ယွိကျန်းတုလည်း သူ့မျက်စိရှေ့က ဒီအရာတွေက နဂိုရှိရင်းစွဲအတိုင်းရှိနေကြတာပဲမဟုတ်လားဆိုသည့် အတွေးခြောက်ခြားတွေ ၀င်လာရသည်။အမှန်တကယ်ဆို တုန်လှုပ်ရွံရှာဖွယ်ရာ လေထုအခြေအနေကြီးက အခုများတော့ စကားနဲ့ဖော်ပြလို့မရတဲ့ ရယ်ဖွယ်ကြီး ဖြစ်နေလျက်။
ယွိကျန်းတုလည်း သူ့အနေနဲ့ ဟန်ဆောင်ပန်ဆောင် ကြောက်ပြလိုက်သင့်လား တွေးမိပေမယ့် ဟန်ဆောင်ကြောက်ပြစရာကို တစ်စက်ကလေးမှ ခံစားမိမနေဘူး။
သူ့အကြည့်တွေကိုလည်း ရှန်းချွယ့်ဆီမှာပဲ မြဲမြံနေအောင် ကပ်ထားလိုက်ပြီးမှ မေးကြည့်လိုက်မိသည်။
"တကယ်ပဲ ဒီအဖွဲ့အစည်းကြီးက ဘာလုပ်တဲ့ အဖွဲ့ကြီးလဲ?""အဲ့ဒါကို နားလည်အောင် အလွယ်ကူဆုံးရှင်းပြရရင်......"
ရှန်းချွယ့်က ဖြေရှင်းချက်ကောင်းကောင်းတစ်ခုကို တွေးတောနေသလိုမျိုး ခေတ္တမျှ ရပ်သွားပြီးမှ...
"လူ့ကမ္ဘာက ပရလောကအဖွဲ့အစည်းလို့ ပြောရင်ရမလား..."ယွိကျန်းတုမှ ကြောင်အမ်းသွားရကာ..
"ပရလောက?""အင်းဟင်း...မင်းအခုတွေးလိုက်တဲ့ တစ်ခုပဲ.."
ရှန်းချွယ့်က သူ့ဆံပင်သူ သပ်တင်လိုက်၏။
"အဲ့ကိစ္စကို အထဲမှာ ဆက်ပြောကြစို့လား"***************
သို့နှင့် သူတို့နှစ်ယောက်သား ရုံးခန်းထဲ ရောက်လာခဲ့ကြသည်။
ရှန်းချွယ့်က သူ့အလုပ်စားပွဲခုံမှာ ၀င်ထိုင်လိုက်ပြီးတဲ့နောက် သူ့မျက်နှာ အမူအရာက ရုတ်ချည်း ပြောင်းလဲသွား၏။
"ခဏလေးနော်...."ထိုသူက ပြောပြီးပြီးချင်း ကွန်ပျူတာကီးဘုတ်ကို သူနဲ့နီးရာဆွဲယူရင်း သူ့လက်ချောင်းတွေက ကီးဘုတ်ခလုတ်တွေပေါ်မှာ မိနစ်အနည်းငယ် အစုန်အဆန် ပြေးလွှားနေပြီးနောက်မှာ သု့မျက်နှာတင်းမာနေမှုက တစ်ဖန်ပြေလျော့သွားခဲ့သည်။
သို့သော် ဒေါသတကြီး ဆဲဖို့ကိုတော့ မမေ့လျော့ခဲ့။
"မင်းမေကလွှား....ကွန်ပျူတာကို ခဏလေးပိတ်ထားခဲ့တုန်း ငါ့ကို သတ်သွားကြတယ် ဟ"