(Unicode)
ထင်ထားသည့် အတိုင်းပါပဲ တစ်ဖက်တွင် လျို့အော်က ပန်းချီကားတစ္ဆေ ပြန်ရောက်လာမှာကို ရုံးခန််းထဲ၌ ထိုင်စောင့်နေခဲ့သည်။ ဘာကြောင့်ရယ်မှန်း မသိရပါဘဲ ပန်းချီကားတစ္ဆေကလည်း ယနေ့မှ တော်တော်နဲ့ကို ပြန်မရောက်လာချေ။လျို့အော်ကား စိတ်ထဲ၌ ပူပန်နေမိ၏။ အခြားကိစ္စများကိုလည်း အာရုံမရ။ ရုံးခန်းထိုင်ခုံတွင်သာ ထိုင်စောင့်နေခဲ့ရသည်။ အချိိန်ဘယ်လောက် ကြာမြင့်သွားလည်း မသိရသည့် အချိန်သို့ ရောက်သောအခါ မြေအောက်ကမ္ဘာ၏ လေအရိုင်းများ ရုံးခန်းထဲသို့ တိုက်ခတ်လာခဲ့သည်။
ရုံးခန်းထဲရှိ နံရံထက်တွင် ချိတ်ဆွဲထားသော ပန်းချီကားကြီးကား သူ့အလိုလို လှုပ်ရမ်းလာခဲ့သည်။ လျို့အော်က ထိုအခါမှ စိတ်ဒုန်းဒုန်းချနိုင်ပြီး လေသံအေးအေးဖြင့် မေးလိုက်လေသည်။
"အသုံးမကျတဲ့ကောင်.... ဘာလို့ အဲ့လောက်တောင် ကြာနေရတာလဲ?"
"ကြာချင်သလောက် ကြာမှာပေါ့... ခင်ဗျားနဲ့ -ီးမှတောင် မဆိုင်တဲ့ဟာကို"
နံရံပေါ်ရှိ ပန်းချီကားထံမှ တုံ့ပြန်သံ ပေါ်ထွက်လာခဲ့ခြင်းပေ....လျို့အော်လည်း လည်စလုတ်က အပေါ်အောက် အစုံအဆန် လှုပ်ရှားသွားခဲ့ပြီးနောက် သူက စိတ်ဆိုးမာန်ဆိုးဖြစ်စွာဖြင့် အသံလာရာထံသို့ လှည့်ကြည့်လိုက်မိသည်။
"အမှိုက်သရိုက်လိုကောင်.... မင်းကို အဲ့လို ပြန်ပြောဖို့ ဘယ်သူက သတ္တိတွေ ပေးလွှတ်လိုက်တာလဲ?"
သူ လှည့်ကြည့်လိုက်သည့်အခါမှာ နံရံပေါ်ရှိ ပန်းချီကားက လွန်စွာမှ လက်ရာမြောက်လှသည့်
「မိုနာလီဆာ」 ပန်းချီကား အတုပုံ ပြောင်းနေခဲ့လေသည်။ထို့ပြင် မကသေး သူ လှည့်ကြည့်သည့်အခါမှ ပန်းချီကားထဲမှ မိုနာလီဆာ၏ ပဟေဋိဆန်ဆန် အပြုံးဖျော့ဖျော့လေးမှာ တဖြည်းဖြည်း အသွင် ပြောင်းလာရုံမကလို့ အင်တာနက်ပေါ်၌ ရေပန်းစားနေသည့် ရုပ်ပြောင်စပ်စပ်ဖြင့် ပန်ဒါပုံသို့ ပြောင်းချသွားသည်။
ထိုအဆင့်တွင် ရပ်သွားလောက်မယ်ထင်ရင် မှားမယ်နော် မိတ်ဆွေ....
မျက်နှာကပဲ ပန်ဒါ ရုပ်ပြောင်းပေမယ့် ကိုယ်ခန္ဓာက မိုနာလီဆာ၏ ခန္ဓာကိုယ်အတိုင်းပဲ ဆက်တည်ရှိနေပြီး ထိုမိုနာလီဆာ ခန္ဓာကိုယ်ကြီးက မျက်စိရှေ့တည့်တည့် လက်ခလယ် နှစ်ချောင်း ထောင်ပြလာလေသည်။ သူမ၏ မျက်နှာ ဘေးတွင် စာ နှစ်ကြောင်းလည်း ပေါ်ချလာ၏။