(Unicode)
ယွိကျန်းတု၏ စကားများက အကုန်လုံးအား ဆွံ့အမှုတို့ဖြင့် ပြည့်နှက်သွားစေခဲ့လျက်။
ပုံမှန်ဆိုလျှင် အရာရာတိုင်း၌ အတွေ့အကြုံရင့်ကျက်ပြီး သူတို့ကိုယ်သူတို့ အကောင်ကြီးတွေလိုပဲ ထင်မြဲထင်မှတ်ခဲ့ကြတဲ့ ဧည့်သည်တော်တွေခမျာ ယခုတွင်မူ မျက်နှာထက်၌ တစ်ပြေးညီ စာသားများ ပေါ်ထင်နေခဲ့ကြ၏။
ငါတို့က ဘယ်သူတွေလဲ? ငါတို့ ဘယ်ရောက်နေတာလဲ? ငါတို့ အခု ဘာလုပ်နေကြတာလဲ?
ချွိလန်ကျစ်ရဲ့ နာမည်ကြီး ပန်းချီကားချပ် ၊ ရှေးဟောင်းဒင်္ဂါးမျိုးစိတ် ၅၀ ၊ ယုန်မွှေးစဉ့်ရည်သုတ်ခွက်တွေအထိ....
ဘာလို့ ဒီ နာမည်ကျော်ကြားလှပြီး လောကထဲ တစ်ခေါက်ပေါ်ထွက်လာရုံနဲ့တင် စုဆောင်းသူ အုပ်စုကို ပျာယာခတ်သွားအောင် ရိုက်ခတ်နိုင်တဲ့ လွှမ်းမိုးမှုရှိလှစွာသော ရှေးဟောင်းပစ္စည်းတွေ အကုန်လုံးက ရှန်းသူဌေး လက်ထဲမှာ နံနံပင်လေးတွေလို ဘ၀ ရောက်သွားရတာလဲ? တစ်ခုတည်း ရှိတာတောင် မဟုတ်ဘူး အထုတ်အထည်နဲ့ကို သူပိုင်နေတာ....
အဲ့လိုဆိုမှတော့ ဒီပစ္စည်းတွေကို "ရှားပါးပြီး တန်ဖိုးမဖြတ်နိုင်သော" တို့ "နှစ်တစ်ထောင်နေမှ တစ်ခါပေါ်ပေါက်သော" တို့ ဂုဏ်ပုဒ်တွေ တပ်လို့ရပါတော့မလား?
ယုန်မွှေးစဉ့်ရည်သုတ် လက်ဖက်ရည်ခွက်တွေဆိုတာ စုဆောင်းသူတွေ အငမ်းမရ လိုချင်နေကြတဲ့ပစ္စည်းမျိုးကို...
အဲ့တာကိုတောင်မှ ၀န်ထမ်းသာသာလေးကို ပေးချပစ်လိုက်တယ်တဲ့? ပြီးတော့ တစ်ခွက်တည်းတောင် မဟုတ်ဘူးနော် တစ်ဆက်စာ တစ်ဆက်စာ!!
တစ်လက်စတည်း မိမိတို့ကိုယ်ကို မိမိတို့ အဆင့်အတန်းမြင့် စုဆောင်းသူတွေ ချမ်းသာကြွယ်၀သူတွေလို့ သွေးနားထင် ရောက်နေခဲ့ကြသည့် စီးပွါးရေးလုပ်ငန်းရှင်ကြီးများမှာ! ယခုမူ အခွံဗလာသပ်သပ်ကြီး ဘ၀ကိုရောက်သွားသလို ခံစားလိုက်ရသည်။
ရှန်းချွယ့်ထဲမှာ ရှိနေတဲ့ ရှေးဟောင်းပစ္စည်းတွေနဲ့ ယှဉ်လိုက်ရင် သူတို့(တစ်နည်း) အဆင့်အတန်းမီ အထက်တန်းစား စုဆောင်းသူတွေဆိုတာ ပါးစပ်နဲ့တောင် ထုတ်ပြောမကောင်းတော့ဘူးပဲ...