-96- (လူပျိုကြီးဘ၀မှ လွတ်မြောက်ခြင်း အားလပ်ရက်)

1.8K 308 10
                                    

(Unicode)

ယွိကျန်းတုမှာ ရှန်းချွယ့်၏ ရုတ်တရက် ‌ထ ပြောလာသော "ငါ သဘောတူတယ်!" ဆိုသည့် စကားကြီးကြောင့် ဘာမှတောင် ဆက်မပြောနိုင်လောက်တဲ့အထိ ဆွံ့အသွားခဲ့မိသည်။

မျက်လုံးထဲတွင် ဗလာကျင်းလျက် တစ်ဖက်သူအား ပြန်သာစိုက်ကြည့်နေလိုက်မိ၏။

လမ်းဘေးမီးတိုင်မှ ဖြာကျနေသော အလင်းရောင် မှိန်ဖျော့ဖျော့မှာ ရှန်းချွယ့်၏ မျက်နှာထက်သို့ တစ်ထောင့်တစ်နေရာသာ လာ ထိစပ်ရင်း ထိုနေရာမှတစ်ဆင့် ၎င်း၏ ပြတ်ရှလှသော မျက်နှာအချိုးအဆစ်များအား  အရောင်ကွန့်မြူးခြယ်သပေးနေခဲ့သည်။

ထို မျက်နှာထက်တွင် ပျော်ရွှင်မှုတို့က အတိုင်းသား ထင်ဟပ်နေလျက်။ နှုတ်ခမ်းအစုံ၏ ဘေးသားလေးတွေမှာ အပေါ်သို့ အစုံအဆန် ခုန်တက်နေခဲ့ကြသည်။ အကြာကြီးနေပြီးနောက်မှ ထိုသူက နောက်ဆုံးတွင် ပြောလာ၏။

"မင်း ငါ့ကို သဘောကျနေတာများ စောစောပြောရောပေါ့..
တကယ်ကျ ငါလည်းပဲ...."

သူက ယွိကျန်းတု၏ မျက်၀န်းများအား ငေးစိုက်ကြည့်လိုက်လေသည်။ ဘယ်သောအခါမဆို ဘာကိုမှ ရောင်ပြန်ထင်ဟပ် တုံ့ပြန်လေ့မရှိပါသော ၎င်း၏ ကတ္တရာစေးရောင်မျက်၀န်းများက ယခုမူ ယွိကျန်းတု၏ ပုံရိပ်ယောင်တို့ဖြင့် ဖြည့်နှက်ခြင်း ခံထားရလေသည်။

"ကိုယ်လည်းပဲ မင်းကို သဘောကျတယ်"

.........အဲ့ဒီ ''....လည်းပဲ' ဆိုတဲ့ အသုံးအနှုန်းကိုတော့ မပါမဖြစ် ကတ်သီးကတ်ဖဲ့နဲ့ ရအောင် ထည့်လိုက်သေးလေရဲ့!

သို့သော် ယွိကျန်းတုသည်လည်းပဲ ထပ်တူ မျက်နှာပိုးမသတ်နိုင်လောက်အောင် ပြုံးမိနေခဲ့သည်။ စိတ်အခြေအနေသည်လည်း တိမ်ပေါ်တွင် လွင့်နေသည့်အလား။

တစ်ဖက်က စကားကို ပြန်ကြားပြီးသည့်နောက် သူကလည်းပဲ ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်၍ ဖြည့်ပြောလိုက်တော့သည်။

"အွန်း...ကျွန်တော်လည်း ခင်ဗျားကို အများကြီး သဘောကျတယ်"

သူ့စကားအဆုံး၌ ၎င်းတို့ ရောက်နေခဲ့သည့် ပတ်၀န်းကျင်မှာ ပုံမှန်ထက်ပင် တိတ်ဆိတ်နေသည်ဟု ခံစားလိုက်ရသည်။ မသိလျှင် သဘာ၀တရားကြီး၏ စက်ယန္တရားကြီး ခေတ္တမျှ အလုပ်မလုပ်တော့သယောင်...

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now