-109- (ဟော်တစ်ကောင် ဖြစ်တည်လာခြင်း)

1.2K 215 7
                                    

(Unicode)

ယွိကျန်းတုမှာ တစ္ဆေများကို ဆင့်ခေါ်ပြီး သစ်ကိုင်းခြောက်များ ၊ ဧရာမ ကျောက်တုံးကြီးများဖြင့် အရိုးခြောက် အလောင်းကောင် တပ်ကြီးအား တားမြစ်ပေးထားသည့်အပြင် အထူးတပ်ဖွဲ့မှ ပစ်ခတ်မှုများဖြင့် ၎င်းတို့မှာ တိုက်ပွဲ၌ အသာစီးရလာခဲ့ပေသည်။

ထိုအခါမှ ယွိကျန်းတုနှင့် ဘာသာရေးဆရာတော်များအဖို့ အသက်ရှူပေါက် ပြန်ချောင်လာခဲ့ရ၏။

ဝရုန်းသုန်းကား အခြေအနေကြီးထဲမှာတောင်မှ မင်ဖေးရန်မှာ ယွိကျန်းတုနှင့် စီးပွါးတိုးတက်ကြောင်းများကို လက်မလွှတ်တမ်း ပြောဖော်ရသေးသည်။

"ယွိသူဌေး...ခင်ဗျားတို့ရဲ့ ကုမ္ပဏီက နည်းပညာတွေက ကျွတ်ဆင်ကြီးပဲ...ဒီ စစ်ရိုးမတောင်တန််းက အမှုကိစ္စသာ ဖြေရှင်းပြီးသွားရင် ကျွန်တော်အထက်ကလူတွေဆီ လှမ်းဆက်သွယ်ပြီး ခင်ဗျားတို့ ကုမ္ပဏီရဲ့ အဝယ်တော် ဖြစ်လာဖို့ ပြောထားပေးမယ်"

"ကိစ္စမရှိပါဘူးဗျာ....ကျွန်တော်လည်း ကျွန်တော်တို့ ကုမ္ပဏီက ထုတ်ကုန်ပေါင်းချုပ်စာရင်းကို ပို့ထားလိုက်ပါ့မယ်"

အစိုးရအဖွဲ့၏ ဘတ်ဂျက် သုံးဖြုန်းနိုင်မှုကြီးအား  မြင်တွေ့ထားရပြီးသည့်နောက် ယွိကျန်းတုမှာ ဤအခွင့်အရေးသည်ကား ၎င်းတို့ဖို့ ပွပေါက်တိုးခြင်းပဲ ဟု ယူဆထားလိုက််တော့သည်။ အရေးကြီးဆုံးအချက်က အထူးတပ်ဖွဲ့လို အဖွဲ့မျိုးနှင့် ပူးပေါင်းလက်တွဲနိုင်လိုက်ခြင်းသည် အနာဂတ်မှာ အဖက်ဖက်ကနေ အကျိုးဖြစ်ထွန်းမှု များစွာရှိလာနိုင််လောက်မည်သာ။

ဘာသာရေးကိုယ်တော်အချို့မှာမူ စီးပွါးရေး အယူအဆများကို နားမလည်နိုင်ဖြစ်စွာ။ ဘေးနားက နားထောင်ရုံတင် အားမရတော့လို့ ယွိကျန်းတုထံသို့ပင် လာမိတ်ဖွဲ့ကုန်ကြ၏။
"ဒကာယွိ..... အနာဂတ်မှာ မကြာမကြာ အဆက်အသွယ်မပြတ် ရှိနေကြရအောင်ပါ"

ယွိကျန်းတုလည်း ဘယ်သူဘယ်သူ့ကိုမှ ငြင်းဆန်ခြင်း မရှိခဲ့။

အရည်အချင်း  ထူးကဲလှသော ဘုန်းကြီးတစ်ပါးကလည်း ကပ်မေးလာခဲ့သေးသည်။
"ဒကာလေး ယွိရဲ့ ကုမ္ပဏီအသိတွေထဲမှာရော သိပ္ပံနည်းကျ ကျင့်ကြံတဲ့ ကိုယ်တော် အသိိတွေဘာတွေများ ရှိနေလား?"

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now