-102- (ဆင်းရဲနွမ်းပါးခြင်း တစ္ဆေအား နှင်ခြင်း)

1K 226 4
                                    

(Unicode)

ဖူသယ်ကျန့်ရှန်းနတ်ဘုရားမှာ ယွိကျန်းတုနှင့် ငန်းမင်းသမီးလေးတို့ ထံမှ ဂါရဝပြုခြင်းကို မခံယူဝံ့ချေ။
ကံကောင်းသွားတာ တစ်ခုက ယွိပါးပါးနှင့် မားမားတို့မှာ  အနားရှိသည့် ဧည့်သည်များဖြင့် စကားပြော နှီးနှောကုန်ကြသည်မို့ ယွိကျန်းတုအား မျက်စိဒေါက်ထောက် ကြည့်နေဖို့ အချိန်မရကြတော့ခြင်း။

ယွိကျန်းတုလည်း စိတ်ဒုန်းဒုန်းချကာ သက်ပြင်းချလိုက်ရင်း ရတဲ့အချိန် ခဏလေးအတွင်းမှာ ရှန်းချွယ့်အား အပြင်သို့ ဆွဲခေါ်ထုတ်ခဲ့လိုက်ရသည်။

ယွိမျိုးနွယ်စု၏ ဆုတောင်းဝတ်ပြုကျောင်းသို့ လာရောက်လည်ပတ်သူအရေအတွက်မှာ များသထက် များလာပြီး ကျောင်းရှေ့ရှိ မြေကွက်လပ်တွင်ပင် လူကြိတ်ကြိတ်တိုး ဖြစ်နေခဲ့ပေသည်၊။ ယွိကျန်းတုလည်း ထိုလူအုပ်ကို ကြည့်လိုက်သည့်အချိန် တစ်ဝက်ကျော် နီးပါးလောက်က ယွိမျိုးနွယ်စုက လူတွေ မဟုတ်နေတာကို လာတွေ့ရ၏။ ယွိမားမားပြောသည့်အတိုင်း တစ်ထေရာတည်းပင်...... ဖူသယ်ကျန့်ရှန်း စစ်မှန်ခြင်း နတ်ဘုရားမှာ ကောင်းသော ဂုဏ်သတင်း မွှေးပျံ့နေလျက် ရှိနေခဲ့ရင်း
အခြားမျိုးနွယ်စုက လူတွေကိုပါ ၎င်းဆီ အလုပ်အကျွေး လာပြုစုဖို့ ဆွဲဆောင် ထားနိုင်ခဲ့သည်။

ယွိကျန်းတုလည်း ပြောင်ချော်ချော် ပြောလိုက်မိ၏။
"ဒီနှစ်ကုန်ကျ အကောင်းဆုံး ဝန်ထမ်းဆုတွေ ကြေညာတဲ့အခါကျရင် ဖူသယ်ကျန့်ရှန်းစစ်မှန်ခြင်း နတ်ဘုရားကိုလည်း လစာ တိုးပေးဦးမှ"

ရှန်းချွယ့်က ခေါင်းညိတ်လာလေသည်။
"အင်း လုပ်ဆောင်မှုစွမ်းရည် အကဲဖြတ်တာနဲ့ အလုပ်သမား ပရိုမိုးရှင်းတွေက ဒီနှစ်အတွက်စာ အကုန်လုံး ပြီးသွားနှင့်ပြီ.... ပိတ်ရက်ပြီးတဲ့ အခါကျ ဆွေးနွေးတိုင်ပင်ဖို့ အစည်းအဝေး စီစဉ်လိုက်မယ်....
ဘာ ပြဿနာမှ မရှိဘူးဆိုရင် သတ်မှတ်ချက် အသစ်တွေကို ချက်ချင်း ထည့်လိုက်လို့ ရပြီ"

ရည်မှန်းချက်အပြည့်နှင့် သူဌေးတစ်ယောက် ဖြစ်သည့် အားလျော်စွာ ယခုမျက်မှောက်ကာလ၏ ရှန်းချွယ့်သည်ကား ဂိမ်းထဲတွင် အနိုင်မခံ အရှုံးမပေးတတ်သည့် လက်ပေါက်ကပ် ပြောမနိုင် ဆိုမရသော သူတစ်ယောက် မဟုတ်တော့ပေ....
၎င်းက  thesis defense လည်း အောင်မြင်နိုင်ခဲ့ရုံမကလို့ MBA ဘွဲ့လက်မှတ်လည်း ရရှိထားပြီးပြီ ဖြစ်တာကြောင့် ကုမ္ပဏီမှ ရှိသမျှ ဌာနခွဲတိုင်းက ပရော်ဖက်ရှင်နယ်များနှင့် လုပ်ငန်းအစီစဉ်များလည်း အချိန်မရွေး ကောက်ဆွဲပေးနိုင်နေခဲ့ပေပြီ။

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now