(Unicode)
ကြိုဆိုနေခဲ့သော မြင်ကွင်းမှာ တစ်ဦးတစ်ယောက်ချင်းစီတို့ စိတ်ကူးယဉ်ပုံဖော်ထားခဲ့ကြသည့် မြင်ကွင်းနှင့် ခြားနားနေခဲ့လေသည်။ မေးရိုးများ မြေပြင်ခိုက်မတတ် ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြရပြီး
အားလုံး၏ အကြည့်များက ထန်သူဌေးထံ၌ ကျရောက်နေခဲ့ကြသည်။
ထို့နောက်တွင်မူ အမျိုးသမီး ကိန္နရာအား တစ်ပြန် ကြည့်လိုက်မိကြ၏။
အခိုက်အတန့်တစ်ခုစာလောက် မည်သို့မည်ပုံ တုံ့ပြန်အပ်သည်ကိုပင် မတွေးတောနိုင်ခဲ့ကြတော့ချေ။ထိုစဉ် သူဌေးကတော်ထန်မှာမူ ချက်ချင်းပဲ အသိစိတ်ပြန်ကပ်သွားခဲ့ရသည်။ ထို့နောက်တွင် ခန္ဓာကိုယ်အား နောက်လှည့်၍ ထန်သူဌေး၏ မိတ်ဆွေများအား တစ်ချက်တည်းဟောက်လိုက်၏။
"ဘယ်သူ လောင်ထန်ကို ကြိုပြီး အကြောင်းကြားထားတာလဲ?"ထန်သူဌေး၏ သူငယ်ချင်းများမှာလည်း မတွေးမိကြ။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကြရင်းသာ မင်း လား ငါလား နှင့် ဘော်လီဘော ပုတ်ဖြေနေခဲ့ကြတော့သည်။
"ငါ့မှာဖြင့် ဆက်ချိန်တောင် မရလိုက််တာ....မင်း မဟုတ်ဘူးလား?"
"ငါ ဖုန််းလှမ်းဆက်ကြည့်ပေမယ့် မကိုင်ဘူး"
တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်် စစ်မေးခန်းဖွင့်ကြည့်သော်လည်း လိုအပ်သော အဖြေမရလာခဲ့။
ထန်သူဌေးကတော်မှာ ဂရုမစိုက်အားတော့ချေ။ သူမအနေနဲ့ လင်ယောကျာ်းဖြင့် ယခုကဲ့သို့ နှောင်ချိန်ပလေးရသည့် အခိုက်မျိုးက တစ်ခါနှစ်ခါမကတော့။ လောင်ထန်ရဲ့ သရုပ်ဆောင်စကေးတွေအကြောင်း သူမသိဘဲ နေရိုးလား?
ရင်ဘတ်ရှေ့မှာ လက်ပိုက်ရပ်ထားရင်း ထန်သူဌေးအားကြည့်လျက် နှာရှုံ့လိုက်သေးသည်။
"မဆိုးဘူးပဲ လောင်ထန်...
တုံ့ပြန်ပုံတွေက အရင်တုန်းက အခေါက်တွေထက်စာရင် အများကြီး တိုးတက်လာပြီ...
ဒီတစ်ခေါက်တော့ အင်္ကျီပါ ပြန်ကောက်ဝတ်ထားဖို့ အချိန်ရလိုက်သားပဲ"ထန်သူဌေး၏ မျက်နှာအမူအရာကား မှားယွင်းစွပ်စွဲခံရသူ တစ်ယောက်၏ ပြယုဂ်ပါပေ။
"မိန်းမ....မင်း မှားနေပြီ.
မိန်းကလေး ကျင်နာ့နဲ့ ငါက ဒီအတိုင်း ဗုဒ္ဓလမ်းစဉ်တွေအကြောင်းပဲ ဆွေးနွေးနေတာ"