-94.2-

1.3K 314 12
                                    

(Unicode)
ဧည့်ခံပွဲနေ့တွင် အချို့ လက်စသတ်စရာကိစ္စလေးတွေ ကျန်ရှိနေသေးသည်မို့ ယွိကျန်းတုမှာ ပွဲသို့ အနည်းငယ် နောက်ကျပြီးမှ ရောက်သွားခဲ့ရသည်။ သူရောက်သည့်အချိန်တွင် အတန်းဖော် အကုန်လုံးနီးပါး လူစုံနေလေပြီ။

ကျားရိဟွာက တွေ့ဆုံပွဲအတွက် သီးသန့်အခန်း ငှားထားခဲ့ခြင်း။
ထိုအခန်းထဲတွင် စားပွဲဝိုင်းကြီး လေးဝိုင်း ချပေးထားသည်။

သူ၏ အတန်းဖော်များနှင့် အတန်းဖော်များ၏ လက်တွဲဖော်များအပြင် ကျားရိဟွာက အခြားမေဂျာမှ သူနှင့် ရင်းနှီးသူအချို့ကိုလည်း ဖိတ်ကြားထားခဲ့သေးသည်။

အတန်းဖော်များအားလုံးက ယွိကျန်း‌တုရောက်သွားသွားချင်းပဲ မြိုင်ဆိုင်စွာ နှုတ်ဆက်လာခဲ့ကြသည်။

အချို့က သူနှင့်အတူ အတိတ်အကြောင်းတွေ ပြန်စမြုံ့ပြန်လာပြီး အချို့ကမူ ၎င်းအား ဘယ်လောက်တောင် လွမ်းနေခဲ့ရကြောင်း ဖောက်သည်ချလာခဲ့ကြကာ..အချို့ကလည်း ယွိကျန်းတု အား သူတို့ကို ကူညီပေးစေလိုကြောင်း အကူအညီတောင်းခံသည့်သူနှင့်
အချို့မှာမူ ကျောင်းကတည်းက ယွိကျန်းတုအပေါ် အမြင်မကြည်သူ တစ်ချို့လည်း ပါနေခဲ့သည်။

အလုပ်စ၀င်သည့် အချိန်ကတည်းက ယွိကျန်းတုမှာ ‌ဖြည်းဖြည်းနဲ့မှန်မှန် အအောင်မြင်ဆုံးလို့တောင် ပြောရပေမည်။ weibo trending ထဲကိုလည်း အကြိမ် ခဏခဏ ၀င်ဖူးပြီး သူ၏ အနေအထားမှာ ကျောက်ရော့လားတို့လို လူမျိုးနှင့် ရင်ဘောင်တန်းလို့ရသည့် တစ်တန်းတည်း အနေအထားမှာ ရှိနေခဲ့လေသည်။

ဘယ်လောက်ပဲ ကျောင်းသားအရွယ်တုန်းက ခင်မင်ရင်းနှီးခဲ့ကြတဲ့သူတွေ ဖြစ်နေပါစေ
လူ့အဖွဲ့အစည်းထဲကို တိုး၀င်သွားကြရပြီးနောက်မှာ အချို့သူတွေက စိတ်ထား ပြောင်းကုန်ကြသူများလည်း ရှိသည်။
ထိုသူတွေအတွက် မနာလိုစိတ် ဆိုသည်မှာလည်း ရှောင်လွှဲလို့မရသည့် အရာတစ်ခုပင်။

"ကျန်းတု ဒီဖက်မှာ!
ငါ မင်းအတွက် နေရာ ဦးပေးထားတယ်"
ကျူးယန်က သူ့ဘေးနားသို့ ယွိကျန်းတုအား လှမ်းခေါ်လိုက်လေသည်။

ထို့နောက် ကျူးယန်က ယွိကျန်းတု ၀င်လာသည့် အပေါက်ကိုပင် ငေးမောကြည့်လျက် မေးလာ၏။
"မင်း တစ်ယောက်တည်းလား?
အခုလေးတင် ရိဟွာပြောတော့ သူက မင်းအတွက် နှစ်နေရာ ချန်ထားပေးရမယ် ဆိုပြီး......"

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now