-93- (ပန်းချီကား တစ္ဆေ)

1.5K 285 8
                                    

(Unicode)

တွေ့ဆုံပွဲအယောင်ပြ လေလံပွဲကြီး ကျင်းပရာ စင်တာကြီးထဲမှ အပြင်ပြန်ထွက်လာပြီးသည့်နောက်မှာ ယွိကျန်းတုနှင့် ရှန်းချွယ့်တို့လည်း ဟိုတယ်သို့ တက္ကစီ ငှားစီးပြီး ပြန်လာခဲ့လိုက်တော့သည်။

၎င်းတို့ တည်းခိုရသည့် ဟိုတယ်မှာ ပွဲစီစဉ်သူများက ပွဲတက်ရောက်သူ ဧည့်သည်တစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက် ချမှတ်ပေးထားသော ဟိုတယ်ခန်းများ ဖြစ်ကြလေသည်။ နှစ်ယောက်စလုံး ယောကျာ်းသားတွေ ဖြစ်နေသည့်အတူတူဆိုပြီး ပွဲစီစဉ်သူမှာ ၎င်းတို့ဖို့ ကုတင်နှစ်လုံး တွဲရက်ပါသည့် ဟိုတယ် တစ်ခန်း ပြင်ပေးထားခဲ့၏။

ယနေ့တစ်နေ့တည်းတွင် ဖြစ်သွားသည့် ကိစ္စတွေဆိုသည်မှာ မနည်းမနော။ ဟိုတယ်သို့ ပြန်ရောက်ကြသည့်အချိန်တွင် ယွိကျန်းတုမှာ တစ်ကိုယ်လုံးကို အိပ်ရာပေါ်သို့ ဗုန်းခနဲ ပစ်လှဲလိုက်ပြီး ပြန်ထဖို့လည်း အားအင်ကုန်ခမ်းသွားရတော့သည်။

သူ့ပုံကို ကြည့်ပြီး အလိုက်သိစွာဖြင့် ရှန်းချွယ့်မှာ အပြင်ကို ထမင်းထွက်စားကြဖို့ တိုက်တွန်းမလာတော့ချေ။ ထိုအစား ဖုန်းထဲမှတစ်ဆင့်ပဲ ပါဆယ်မှာယူစားသောက်ရတော့သည်။

ရှန်းချွယ့်မှာ ပါဆယ်မှာဖို့အရေး ကုမ္ပဏီခွဲဖက်က ပရိုဂရမ်မာတွေ ဖွဲ့ထားသည့် group chat ထဲက အနီရောင်ကူပွန်အိတ်တွေကို တစ်ခုချင်းစီ သွားစုဆောင်းတော့သည်။

ထို့နောက်မှ မုန့်မှာသည့် app ကိုဖွင့်ကာ သူစုဆောင်းလို့ရသမျှ အနီရောင်ကူပွန်များထဲမှ အကြီးဆုံးတစ်အိတ်ကို ထုတ်သုံးလိုက်၏။ အော်ဒါမှာပြီးသောအခါ အသစ် ထပ်ရလာသည့် ကူပွန်ကိုမူ စောနက ကုမ္ပဏီခွဲ စကားဝိုင်းထဲသို့ ပြန်ပို့ပေးထားလေသည်။

ယခုလုပ်ရပ်တွေ တစ်ခုချင်းစီ တစ်ဆင့်ချင်းစီ လုပ်သွားပုံက ပြောင်မြောက်ချောမွေ့နေခဲ့လေ၏။ ချောမွေ့နေလွန်းလို့ကြည့်ရသည့်သူကိုတောင် ခေါင်း နာရစေသည်။

..............
ဒီလူ့ဆီကနေ ဒါ စုဆောင်းရေးသမားအကြီးစားကြီးပါဆိုတဲ့ အရှိန်အဝါတွေ ရမိကြတဲ့ သူလေးတွေများ ရှိကြလားဟင်?

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now