(Unicode)
ယွိကျန်းတု ပြောလိုက်တဲ့ စကားအပြီးမှာ ရွာသားတွေအကုန်လုံးက ပေါက်ကွဲကုန်ကြပြီး သူတို့ကို လက်ညိုးငေါက်ငေါက်ထိုးကာ ဆဲရေးတိုင်းထွာလာခဲ့ကြသည်။
ယွိကျန်းတုအဖေမှာ မျက်နှာအိုးမည်းသုတ်ခံရသလို ခံစားလိုက်ရ၏..
"ကျန်းတု...မင်း မလေးမစား ပြုပေါင်း များလှပြီ
အခုချက်ချင်း အိမ်ပြန်တော့""သူ ဘယ်မှ မသွားရဘူး"
ရွာသားတွေရဲ့ အရှေ့ဆုံးတန်းမှာ ရပ်နေတဲ့ အဘိုးအိုတစ်ယောက်က ရှေ့တစ်လှမ်း ထွက်ရပ်လာကာ..
ယွိကျန်းတုကို ကြည့်၍ ပြောလာခဲ့ခြင်းပင်။
"လူငယ်တွေက အခုနောက်ပိုင်း နည်းနည်းလေးမှ စကားကို ရှေ့ကြည့်နောက်ကြည့် မပြောတတ်ကြတော့ဘူးပဲ..
အခုလိုမျိုး နတ်ဘုရားသုံးသွယ်ရှေ့တည့်တည့်မှာတောင် ပျက်ရယ်ပြုတဲ့စကားမျိုးပြောရဲတယ်.
ဒီနေ့ သူ နတ်ဘုရားသုံးသွယ်ဆီက ခွင့်လွှတ်မှု မခံယူမချင်း ဘယ်မှ မသွားရဘူး"ယင်း အဘိုးအိုမှာ မျိုးနွယ်စုခေါင်းဆောင်ဖြစ်ပြီး ယွိရွာသူရွာသားများကြားမှာ "ယွိအကြီးအကဲ"ဟု ခေါ်တွင်သော တစ်ဦးတည်းသော သူပင် ဖြစ်သည်။
သူ့စကားများက ယွိရွာသားများအပေါ် အလုံးစုံ ဩဇာသက်ရောက်တာကြောင့် ထိုကဲ့သို့ပြောအပြီးမှာ ယွိကျန်းတု အဖေကား မျက်စုံကန်းသလို ဖြစ်သွားရကာ သားဖြစ်သူအတွက် အပြန်လမ်းကို မမြင်နိုင်တော့ချေ။"ဟုတ်တာပေါ့"
ယွိမန်ကျန်းမှာ ယွိအကြီးအကဲ၏ စကားကို ၀င်ထောက်ကာ ယွိပါးပါးကို ကြည့်လိုက်သည်။
"ယွိချွမ်... မင်း ကိုယ့်ကလေးကို ဘယ်လိုနည်းနဲ့ သွန်သင်ပြသထားတာလဲ?
ယွိကျန်းတုက ဘယ်လိုကနေ ဘယ်လို အခုလောက်ကြီးထိ နတ်ဘုရားတွေကိုပါ အပြောင်အပျက် လုပ်ရဲရလောက်အောင်အထိ ဖြစ်သွားရတာလဲ?
ဒီလိုကိစ္စမျိုးက ဟာသလုပ်လို့ရတဲ့ ကိစ္စမျိုးလား?"ယွိကျန်းတုမှာ အစတုန်းကတော့ ဒီတိုင်းငြိမ်နေလိုက်ပြီး နားထောင်ရုံပဲ နားထောင်မလို့ လုပ်နေခဲ့တာ...
သို့သော် လူပုံအလယ်မှာ ယွိမန်ကျန်းက အခုလောက်ကြီးအထိ မောက်မာပြီး သူ့အဖေကိုပါ သိက္ခာချနေတာမို့ သည်းမခံနိုင်တော့ချေ ။
"ဦးလေး မန်ကျန်း...ကျွန်တော် နောက်နေတာမဟုတ်ဘူး"