(Unicode)
ဖူမြို့နည်းပညာတက္ကသိုလ် ဖိုရမ် :
ခေါင်းစဉ် : အစိုးရ၀န်ထမ်းစာမေးပွဲပြင်ဆင်ကြသူများ gp chat ထဲက လူလိမ်မိန်းကလေးအကြောင်း ပြောကြရအောင်
အထပ်ပိုင်ရှင် : ငလူးလိုပဲ! အစိုးရ၀န်ထမ်းစာမေးပွဲပြင်ဆင်ကြသူများ gp chat ထဲက မိန်းကလေးဟူအကြောင်း သိပြီးကြပြီလား? ဘ၀တစ်သက်စာအတွက် ရှောင်ရှားအပ်သော မိန်းကလေးဆိုတာ သူ့ကိုပြောတာပဲနေမှာ
ငါသိသိချင်းတုန်းက ဘာစကားမှ ပြောမထွက်နိုင်လောက်အောင်ပဲအထပ်ပိုင်ရှင် : ဖြစ်ပုံက ဒီလို
ဒီနှစ်ထဲ အစိုးရ၀န်ထမ်းစာမေးပွဲ၀င်ဖြေမယ့် ငါ့အစ်ကိုတစ်ယောက် ရှိတယ်ကွာ
သူကလည်း စာမေးပွဲဖြေဖို့ပြင်ဆင်နေကြတဲ့သူတွေ ဖွဲ့ထားတဲ့ gp ကို join လိုက်မိတာပေါ့
အဲ့နောက်မှာ သိပ်မကြာလိုက်ဘူး အရမ်းကိုမှ ရုပ်ရည်ပြေပြစ်လှပတဲ့မိန်းကလေးတစ်ယောက်က ငါ့အစ်ကိုကို သူ့ဖက်ကစပြီး ပိုးပန်းလာတယ်
ငါ့အစ်ကိုကဆို စာမေးပွဲဖြေပြီးတာနဲ့ သူ့ကို စေ့စပ်ကြောင်းလမ်းဖို့တွေအထိပါ ရည်ရွယ်ထားတာ
ဒါပေမဲ့ လုံး၀ မထင်ထားတာကြီး ဖြစ်သွားတာ ဘာလဲဆိုတော့
ပြီးခဲ့တဲ့ ရက်တုန်းကပဲ အဲ့မိန်းကလေးက တစ်ခြား ရွေးချယ်စရာဘာမှကို မပေးဘဲ သူ့ဖက်ကစပြီး ဖြတ်သွားတယ်လေ
ငါ့အစ်ကိုလည်း တအားစိတ်ဓာတ်တွေကျပြီး သူ့ gp ထဲက ရောင်းရင်းတွေကို သူ့ကောင်မလေးအကြောင်း သတင်းကြားမိသေးလားဘာညာ စကားသွားစလိုက်မိတာ
သူ့အဲ့လို သွားမေးလိုက်ကာမှပဲ သူ့ကောင်မလေးက အဲ့ gp ထဲက ယောကျာ်းလေးတွေအကုန်လုံးကို ရှေ့ဆင့်နောက်ဆင့်တွေ အကုန်နီးပါးတစ်ပြိုင်တည်း ပတ်တွဲနေခဲ့တာတဲ့လေ!အထပ် ၃ : အကြမ်းကြီး!
အထပ် ၄ : အထပ်ပိုင်ရှင် ပြောတဲ့အကြောင်းကို ငါတစ်ထပ်တည်းနီးပါး ကြားလိုက်မိတယ်ရော်?
ငါ ဒီနေရာမှာ ထောက်ပြချင်တာက အဲ့မိန်းကလေးက ယောကျာ်းလေးတွေကို ပတ်တွဲတာတောင် ရိုးရိုးတွဲတာမဟုတ်ဘဲ အလှည့်ကျနဲ့ လိုက်အီစီကလီ မြူဆွယ်လိုက်သေးတယ် gp chat ထဲ ရှိသမျှ သူတွေနဲ့နော်!
ငါ့အစ်ကိုလည်း နစ်နာသူ ဖြစ်သွားလိုက်သေးတာ
အခုဆို ငါ့အစ်ကိုက စိတ်ဓာတ်တွေကျပြီး စာမေးပွဲ ၀င်မဖြေတော့ပါဘူးတွေတောင် လုပ်နေလို့ မနည်းနားချထားရ