(Unicode)
ဝေ့ရှောင်းမှာ ၎င်း၏ မျက်စိရှေ့က မျက်နှာချွန််ချွန်နှင့် တိရစ္ဆာန်ငယ်လေးအား ကြောင်အမ်းစွာ ရပ်ကြည့်နေလိုက်မိသည်။"ဒီ မြေခွေးက ဘယ်လိုဖြစ်လို့ ခွေးဟောင်နည်း ဟောင်တတ်နေရတာလဲ?"
"ဒါက Samoyed ခွေးပါဆိုနေ"
ပြောရင်းဖြင့် ယွိကျန်းတုမှာ အနားသို့ တိုးကပ်သွား၍ မြေခွေးပေါက်စနလေးထံသို့ ခါးကိုင်းလိုက်ကာ ဝေ့ရှောင်းကို ကျောပေးကာထားးလိုက်ရင်းဖြင့် မြေခွေးမလေး၏ ခေါင်းထက်သို့ အဓိပ္ပါယ်ပါပါဖြင့် တောက်လိုက်လေသည်။
"ကြည့်လိုက်ပါဦး ဒီမျက်နှာလေးကိုလည်း...
ဒီလောက် ဝိုင်းဝိုင်းချွန်ချွန်လေး ဖြစ်နေတာကို...ဘယ်နားက မြေခွေးနဲ့ တူနေလို့လဲ?"ဝေ့ရှောင်း :"အဲ့မျက်နှာကိုများ ဝိုင်းတယ်?"
ဝေ့ရှောင်း၏ သံသယတို့ အလည်မှာ ယွိကျန်းတုလည်း ခန္ဓာကိုယ်အား ဖယ်ပြလိုက်တော့သည်။ ထို့နောက်တွင် အကောင်ပေါက်စနလေး၏ မျက်နှာအား မော့စေလျက်...
"ဒီမှာ ကြည့်လိုက်လေ"အဖြူရောင်သတ္တဝါလေး၏ မေးစေ့မှာ အမွေးများ ဖုံးအုပ်နေခဲ့လျက်။ သူမ၏ မျက်နှာတစ်ခုလုံးမှာ စက်ဝိုင်းသဏ္ဍာန်ဝိုင်းစက်သွားလေတော့သည်။ ပထမ ကြည့်တုန်းကလောက် နားရွက်များမှာလည်းထိုးထိုးထောင်ထောင် ဖြစ်မနေပါတော့ဘဲ...အံ့ဩဖို့ကောင်းလှစွာ မျက်စိရှေ့မှောက်တွင်ပင် Samoyed ခွေး ပုံစံ ပြောင်းသွားခဲ့တော့သည်။
ဝေ့ရှောင်းမှာ ကိုယ့်နဖူးကိုယ် ပိတ်ရိုက်လျက်။
"အိုင်းယား...ပုံစံက ခပ်ဆင်ဆင်လေး ဖြစ်နေတော့ ငါမှားမြင်မိတာပဲ နေမှာ"ယွိကျန်းတုသည်လည်း အိန္ဒြေရရ ပြုံးလိုက်ရင်း ပို၍ သဘာဝကျကျ ဟန်ဆောင်နိုင်ရန် Samoyed ခွေးလေး၏ ခေါင်းအား ပွတ်သပ်ပြလိုက်ေတော့သည်။
"သူက မျိုးစပ်........"
ထိုအချိန်မှာပဲ ၎င်းတို့ရှိနေရာနားသို့ ရှန်းချွယ့်ရောက်လာခဲ့၏။
"Peppa ဒီမှာ ရှိလား?'ချက်ချင်းလက်ငင်းပဲ ကလေးများ ကစားရာ နယ်မြေမှာ လွတ်လပ်မှု မရှိတော့သလို ခံစားသွားရစေသည်။ ရှန်းချွယ့်မှာ မျက်နှာတစ်ခုလုံး သုန်မှုန်နေခဲ့လျက်။ ၎င်းက Samoyed ခွေး၏ အမွေးများအား ပွတ်သပ်ပေးနေပါသော ယွိကျန်းတုထံသို့ ကြည့်လိုက်ရင်း ဂရုမထားသလို ပြောလာခဲ့တော့သည်။