(Unicode)
ရှန်ဝမ်ရုန်သည် သမိုင်းနှင့်ပတ်သတ်ပြီး ပြောရေးပိုင်ခွင့်ရှိသူတစ်ယောက်ဖြစ်ရုံသာမက ထိုသူက အင်တာနက်ပေါ်၌ အချိန်ကုန်ဆုံးရသည်ကို နှစ်သက်သူလည်း ဖြစ်ပေသည်။
အလားတူစွာပဲ ၎င်းက ပညာရေးနယ်ပယ်တွင်းမှာ အင်တာနက်ဆယ်လီတစ်ယောက်ဖြစ်ကာ
လူတော်တော်များများ၏ ဖော်လိုးလုပ်ခြင်းကိုလည်း ခံထားရခြင်းကြောင့် များပြားလှသော အင်တာနက်သုံးစွဲသူများက ရှန်းချွယ့်၏ ပြောစကားမှန်မမှန်ဆိုသည်ကို စစ်ဆေးစေခဲ့တာပဲ ဖြစ်သည်။ထို့အတွက်ကြောင့် ရှန်ဝမ်ရုန်၏ ပို့စ်ကို ဖတ်ပြီးကြသည့်နောက်မှာ ထိုပို့စ်က နာမည်ကြီးသတင်းခေါင်းစဉ်များကို အသာလေးကျော်တက်ကာ လူပြောအများဆုံး ပို့စ်တစ်ခုဖြစ်လာခဲ့သည်။
အင်တာနက်သုံးစွဲကြသူများမှာ ပါးစပ်အဟောင်းသား ဖြစ်နေကြလျက်၊
ထို ရှန်ဝမ်ရုန်တင်ထားသည့်ပို့စ်အောက်က ကွန်မန့်ထဲတွင် [??????????????] များဖြင့်သာ ပြည့်နှက်နေခဲ့သည်။တစ်ချို့သော သူများကဆိုလျှင် ရင်ထဲနှလုံးသားထဲက မယုံသင်္ကာဖြစ်ကြကာ
[ပါမောက္ခရှန် အကောင့်ဟက်ခ်ခံလိုက်ရတာလား?] ဆိုတာမျိုး ပြန်လည်မေးခွန်းထုတ်နေခဲ့ကြ၏။သို့သော် ရှန်ဝမ်ရုန်သည်ကား ရှန်းချွယ့်၏ ဂုဏ်သိက္ခာအား အလွန်အမင်း တန်ဖိုးထားပေးသူတစ်ဦး ဖြစ်သည်။
သူသည် ဤမျှလောက်သော ရှည်လျားလှသည့် ပို့စ်မျိုးကို စိတ်ကူးပေါက်မှ ကောက်ကာငင်ကာ ထတင်ခဲ့တာမျိုး မဟုတ်ခဲ့....
ပထမဆုံးပို့စ်တင်ပြီးနောက်မှာ ရှန်းချွယ့်ထောက်ပြထားသည့် သမိုင်းအချက်အလက်တစ်ခုချင်းစီကို ပြန်လည် ပိုင်းခြားစိတ်ဖြာထားသည့် ပို့စ်တစ်ခုကို ထပ်တင်လာခဲ့သည်။ထို ဒုတိယပို့စ်တင်အပြီးမှာတော့ အင်တာနက်သုံးစွဲသူများအနေဖြင့် ရှန်ဝမ်ရုန်ဖက်က အဘယ့်ကြောင့်များ ရှန်းချွယ့်အား အများကြီး လေးစားနေရသနည်းဟူသည့် မေးခွန်း၏ အဖြေနှင့် ရှန်းချွယ့်နှင့် လူချင်းတွေ့ဆုံ၍ ဆွေးနွေးချင်နေရသည့် အကြောင်းအရင်းများကို သိရှိသွားခဲ့ကြတော့သည်။
ရှန်းချွယ့်တစ်ယောက် Weibo ပေါ်တက်၍ ပယ်ပယ်နယ်နယ် ဝေဖန်ထောက်ပြထားသည့် တောင်ပိုင်းစုန့်မင်းဆက်လက်ထက် လူမျိုးစုများအကြောင်း ၊ ဝတ်စားဆင်ယင်ထုံး ၊ အပြူအမူအလေ့အကျင့် ၊ ယဉ်ကျေးမှုအမွေအနှစ်များ အကြောင်းမှာ မှားယွင်းနေသည့်အရာမျိုး တစိုးတစိမျှ ပါမနေခဲ့ချေ။
တစ်ချို့အရာများမှာ အခုလက်ရှိအချိန်အထိ အငြင်းပွားနေရဆဲ ကိစ္စများဖြစ်သည်မို့ တိကျသည့် ထုတ်ပြန်ချက်မျိုး မပေးနိုင်သည့် အကြောင်းအရာများလည်း ပါဝင်နေခဲ့သည်။
သို့သော် ဤအချက်က ရှန်းချွယ့်ပြောသမျှ မှားသည်ဟု မဆိုလို ၊ ထိုအစား သူ၏ သိမြင်နှံ့စပ်မှုတို့က နက်နဲလှကာ သာမန်လူများ လေ့လာမတွေ့ရှိသေးသော ၊ ဖြေရှင်းချက်ထုတ်၍မရသေးသော အကြောင်းအရာများအထိပါ သူ၏အသိဉာဏ်နစ်နဲမှုက သွား၍ထိနေသည်ဟု ဆိုနိုင်ပေသည်။