(Unicode)
Dream Tour of Fengdu ဂိမ်းကမ္ဘာကြီးခမျာ အိုးနင်းခွက်နင်း ပက်လက်လှန် မှောက်ရက် အနေအထားမျိုးစုံဖြင့် ပွက်လောရိုက်ကုန်ရ၏။
[ အနောက်တိုင်းသားပဲ! ဆိုးရွားလွန်းတဲ့ အနောက်တိုင်းသား ပေါ်လာပြီ!]
[ရိုးရိုး အနောက်တိုင်းသား မို့လို့လား? အနောက်တိုင်း နတ်ဘုရား ပေါ်လာတာကွ]
*T/N : လူမျိုးရေးခွဲခြားတဲ့ဝါဒကြီး နည်းနည်းစွက်နေလို့ ရှင်းပြရခက်ပေမယ့် အနောက်တိုင်းသားဆိုတာက အဓိကကတော့ ဥရောပသားတွေကို ပြောချင်တာရယ်...
17th 18th ရာစုနှစ်တွေတုန်းက သူများနယ်မြေတွေလိုက်အပိုင်သိမ်း ကိုလိုနီအုပ်ချုပ်တာတွေလုပ်ခဲ့တဲ့ တိုင်းပြည်တွေကြည့်လိုက်ရင် ဥရောပဖက်ကချည်း ဖြစ်နေတတ်လို့...ဒီနေရာမှာလည်း အခွင့်ထူးခံပြီး ပစ္စည်းလက်ဆောင်ရသွားတဲ့ ယွိကျန်းတုကို အနောက်တိုင်းသားလို့ ဗန်းစကားနဲ့ခေါ်ကုန်ကြတာရယ်*[ ငွေပေးပြီး ခိုင်းထားတာမလား?]
[အနှိုင်းမဲ့ မှော်စွမ်းအင် လက်နက်!!!! တစ္ဆေဘုရင်ရဲ့ ချိပ်တံဆိပ်ဆိုတာ ဘယ်လိုလက်နက်မျိုးလဲ?ဘယ်လို အလုပ်လုပ်တာလဲ
အကုန်လုံး ပြောပြပေးပါဦး နတ်ဘုရား!][ဖာ့ခ်..ဂိမ်းထွင်တဲ့သူတောင် တစ္ဆေဘုရင်မှာ မှော်၀င်ချိပ်တံဆိပ် ရှိတယ်လို့ မပြောထားဘူးလေ]
[တစ္ဆေဘုရင်ရယ်...ခင်ဗျားဆီမှာ ကျွန်တော်တို့ မသိသေးတဲ့ တစ်ခြား ဘာလျှို့ဝှက်ချက်တွေများ ကျန်နေပါသေးသလဲ ခင်ဗျာ *ပုံ]
[တစ္ဆေဘုရင်ရဲ့ ရင်းနှီးကျွမ်း၀င်မှု အဆင့်ကိုလည်း သွားလှုံ့ဆော်ပေးလို့ရတယ်တဲ့လား
အရင်က တစ်ခြားကစားသမားတွေ ဒါမျိုး လုပ်တာ မမြင်ဖူးသေးပါဘူး!
အနောက်တိုင်းသား နတ်ဘုရားက ဘာနည်းတွေ သုံးလိုက်တာလဲ][ မမေးနဲ့တော့ ဆက်မေးနေရင်လည်း ပြန်ရတဲ့ အဖြေတွေက "ကြုံရာကျပန်း" လို့ပဲ ပြန်ဖြေပေးနေမှာ ဘာမှ မထူးဘူး ]
တစ်ချိန်တည်းမှာပဲ ယွိကျန်းတု၏ မက်ဆေ့ဂ်ျဘောက်စ်ထဲမှာ မက်ဆေ့ဂ်ျများ မုန်တိုင်း တိုက်ကုန်ကြသည်။ Wechat က မိတ်ဆွေတွေအကုန်လုံး သူ့ထံသို့ "!" များ ဖြင့်အဆုံးသတ်သည့် စာများ အပြိုင်အဆိုင် ပို့လာခဲ့ကြသည်။