(Unicode)
ယန်ရှင်းအနေနဲ့ ယွိကျန်းတုနှင့် ရှန်းချွယ့်တို့ နှစ်ယောက်သား ဘာလို့ အနစ်နာခံမှု အကြီးကြီးတွေ လုပ်ပေးနေရသလိုရုပ်တွေ ဖြစ်နေကြတာလည်း မသိသော်ငြား သူ့အနေဖြင့် ဤ တစ္ဆေပန်းခြံပွဲတော်ပါတီ၏ မူပိုင်ခွင့်ကို အမှန်တကယ်ဝယ်ယူဖို့ လိုအပ်နေသည့် အနေအထားဖြစ်သည်။ထို့အတွက်ကြောင့် သူကပဲ ခြေတစ်လှမ်း နောက်ဆုတ်ပေးလိုက်ပြီး နောက်ထပ်ဆွေးနွေးဖို့ လိုတဲ့အရာတွေကိုလည်း ဘုတ်အဖွဲ့နဲ့ပဲ ဆက်လက်တိုင်ပင်ဖို့ ခွင့်ပြုပေးလိုက်ရတော့သည်။
ယွိကျန်းတုဖက်ကလည်း အလျှင်လိုနေတာမျိုးတော့ မရှိချေ။
ဖေးယွီအပန်းဖြေဥယျာဉ်လိုမျိုး လုပ်ငန်းအကြီးကြီးနှင့် သူတို့ဖက်က ရှယ်ယာဝယ်ပြီး collab လုပ်ခွင့်သာရှိမယ်ဆိုရင် အသေးစိတ်ကိုင်တွယ်ရမည့် အချက်အလက်တွေလည်း မရေမတွက်နိုင်လောက်အောက်ရှိနေသည်လေ။တစ်ချို့အရာတွေကျ သူ လက်လှမ်းမမီနိုင်တဲ့ စီးပွားရေးအချက်အလက်ေတွပါလာမှာမို့ အချိန်ကျတဲ့အခါ သူတို့ဖက်ကလည်း ကုမ္ပဏီရဲ့ ပရော်ဖက်ရှင်နယ် စီးပွားရေး တိုင်ပင်ဆွေးနွေးရေး အဖွဲ့ကို လိုလာပေမည်....
ထိုသို့နှင့် နှစ်ဖက်စလုံးမှာ ကနဦး သဘောတူညီမှုအပြီးတွင် ထပ်ပြီး ရှည်ရှည်ဝေးဝေး ဆွေးနွေးစရာ မရှိတော့ဘဲ ရှေ့ရေးကိုပဲ ကြိုတွေးပူနေကြမိတော့သည်။
အပန်းဖြေဥယျာဉ်နဲ့ ပတ်သတ်သည့် ပြဿနာက ကံအားလျော်စွာ အခန့်သင့်လေး ဖြေရှင်းပြီးလျက်သား ဖြစ်သွားရတာမို့ ယန်ရှင်းမှာ တစ်ဖန် စိတ်ပေါ့ပါးလာခဲ့သည်။
နေ့လည်စာ စားသောက်ပြီးသည့် နောက်တွင် သူက ခပ်သွက်သွက်လေးပဲ နှုတ်ဆက်သွားပြီး ဥယျာဉ်အတွက် လိုအပ်သည့် ဝေယျာဝိစ္စများ ဆက်လက်ဖြေရှင်းရန် အရင်ပြန်သွားနှင့်သည်။နေ့ခင်းတစ်ဖြတ် အနားယူပြီးသည့် နောက်တွင် ဘုန်းတော်ကြီးမုက သူကိုယ်တိုင်ဦးဆောင်၍ ယွိကျန်းတုနှင့် ရှန်းချွယ့်တို့အား ချင်းလျန်ကျောင်းကို အသေးစိတ် လိုက်ပြပေးခဲ့သည်။
ချင်းလျန်ကျောင်းတိုက်ကား ရှည်လျားသည့် သမိုင်း ရှိနေပြီး သမိုင်းကို နောက်ကောက်ပြန်ရလျှင် နှစ်ပေါင်းတစ်ထောင်လောက်ကိုတောင် ရောက် သွားနိုင်လောက်ပေသည်။
ကျောင်းတော်၏ အထွတ်အထိပ်ကာလမှာ တစ်ကျောင်းလုံးရဲ့ အကျယ်အဝန်း ဧရိယာမြေနေရာက ယခုလက်ရှိအကျယ်ထက် လေးဆလောက် ပိုများ၏။
ထို့အပြင် တိယန်မြို့၏ အချက်အချာ နေရာတွင်လည်း တည်ရှိနေသေးသည်။