(Unicode)
မတ်လတွင် ယွိကျန်းတုတစ်ယောက် ဖူမြို့၏ ဖွံ့ဖြိုးဆဲဇုန်အတွင်းရှိ သိပွံနည်းပညာပန်းခြံထဲမှ ကိုယ်ထူကိုယ်ထကုမ္ပဏီအသေးစားလေးတစ်ခုမှာ အလုပ်လျှောက်ဖြစ်ခဲ့သည်။
_________ ___________ _______________
"လော့ဖုန်း ဘ၀စီမံခန့်ခွဲရေးနှင့်တိုင်ပင်ဆွေးနွေးရေး ကုမ္ပဏီလိမိတက်မှ ကြိုဆိုပါတယ်"
အရပ်မြင့်မြင့်နှင့် လှပတည်ကြည်သော HR မန်နေဂျာလုလင်းရှီက လက်နှစ်ဖက် တီးခတ်ကာ ကြိုဆိုလာခဲ့၏။သူမကြည့်ရတာ အခုမှပဲ အသက်ကို ၀၀ရှူနိုင်သလို သက်ပြင်းတစ်ချက် လေးပင်စွာချလာခဲ့သည်။
"ကျွန်မတို့ developer တစ်ယောက်လောက် လိုက်ရှာနေတာကို ကြာလှပြီ..အခုမှပဲ ရတော့တယ်"ယွိကျန်းတုက ခေတ္တမျှ တုံဆိုင်းပြီးနောက်မှာ မေးကြည့်လိုက်မိသည်။
"ဒီအလုပ်နေရာအတွက် လူရှာရတာ အဲ့လောက်တောင် ခက်ခဲတာလား?"အခုအလုပ်က ရိုးရိုး ဆော့ဖ်ဝဲ အင်ဂျင်နီယာခန့်ရုံပဲ မဟုတ်ဘူးလား
ကုမ္ပဏီကလည်း ကြည့်ရတာ သိပ်ပြီး မည်မည်ရရမရှိလှပေမဲ့
အလုပ်ခန့်ဖို့တောင် လူမရှာနိုင်လောက်အောင်အထိ ဆိုးရွားနေတဲ့ ကုမ္ပဏီမျိုးတော့ မဟုတ်လောက်ပါဘူးနော်??"အဓိကအကြောင်းအရင်းကတော့ ကျွန်မတို့ သူဌေးက နည်းနည်း ချေးများနေလို့လေ"
လုလင်းရှီက ပါးစပ်အနည်းငယ် မဲ့တဲ့တဲ့ ဖြစ်သွားခဲ့လေသည်။"သင့်တော်မယ့် သူတော်တော်များများကို ခေါ်ပြီး အင်တာဗျူးခဲ့ပေမဲ့ သူတို့တွေက...အမ်..ဘယ်လိုပြောရမလဲ အကုန်လုံးနီးပါး အနည်းနဲ့အများ ထိပ်ပြောင်နေလို့"
ယွိကျန်းတု "..............."
ဒါကတော့ နည်းနည်းချေးများတာမှန်သွားပြီ..ဒီခေတ်ကြီးထဲမှာ ထိပ်မပြောင်တဲ့ ပရိုဂရမ်မာက မရှိသလောက်နီးပါး ရှားသွားပြီကို...
သို့သော် ယွိကျန်းတုတစ်ယောက် သူ့ကို အလုပ်ခန့်အပ်ခြင်းခံလိုက်ရသည့် အဓိကအကြောင်းပြချက်မှာ
သူ့ ဆံသားတွေက ကောင်းနေလို့ဆိုတဲ့အကြောင်းအရင်းကြောင့်ဖြစ်နေခဲ့လိမ့်မယ်မှန်း တစ်ခါမှ တွေးမကြည့်ခဲ့ဖူးပါ။