(Unicode)
လော့ဖုန်းနှင့် Amazing Future တို့က ၀န်ထမ်းများအားလုံးကို တစ္ဆေပွဲတော် ပန်းခြံပါတီအား ပါ၀င်ဆင်နွှဲနိုင်စေရန် အခွင့်အရေးတစ်ရပ် အဖြစ် တစ်နေ့စာ အလုပ်စောဆင်းခွင့်ပေးလိုက်သည်။ညနေ ၄ နာရီအချိန်တွင် ရုံးအတွင်း၌ ၀န်ထမ်းတစ်ယောက်မျှ မရှိတော့ဘဲ အစအနပင်မကျန် ပျောက်သွားကြ၏။
ထို၀န်ထမ်းများက ပန်းခြံပါတီဆီသို့ သုတ်ခြေတင် ရောက်သွားခဲ့ကြခြင်းပင်။ယွိကျန်းတုကား လက်စသတ်စရာ အလုပ်လေး အနည်းငယ် ကျန်နေ၍ အချိန်ပိုဆင်းကာ အပြီးဖြတ်နေခဲ့လိုက်သည်။
လုပ်စရာရှိသည်များ အကုန်အပြီးသတ်သွားတော့ ချက်ချင်းပဲ Peppa အား ဖုန်းဆက်ခေါ်လိုက်မိသည်။"Peppa အခု ဘယ်မှာလဲ? ကိုကိုက ပန်းခြံပါတီပွဲကို ခေါ်သွားပေးမယ်လေ"
ထိုသို့မေးလိုက်ပါသော်လည်း တစ်ဖက်ကသူ၏ အသည်းနှလုံးမရှိသော ပြန်စာကိုသာ ကြားလိုက်ရသည်။။
"ကိုကို..မီးမီးက Georgie ရယ် ကွေ့လုံတို့ရယ်နဲ့ ပါတီပွဲကို အတူတူသွားဖို့ စီစဉ်ပြီးသားဖြစ်နေပြီ
ကိုကို လိုက်ပို့ပေးစရာမလိုတော့ဘူး"ယွိကျန်းတု :".........."
ထိုအခါမှ အဖေတစ်ယောက်၏ ခံစားချက်ကို သူရုတ်တရက်ကြီး နားလည်မိသွားသည်။
ဆိုရိုးစကားတောင် ရှိသလိုမျိုး....
အရွယ်ရောက်လာတဲ့အခါ သမီးတွေက အဖေတွေနားကို မကပ်ချင်ကြတော့ဘူး ဆိုတဲ့စကားလိုပဲ...ဒါတောင် Peppa က ငါးနှစ်သမီးအရွယ်ပဲ ရှိသေးတာကိုလေ...
"ကောင်းပါပြီ"
ယွိကျန်းတုလည်း သဘောတူလိုက်ရင်း အသိပေးလိုက်ရသည် ။
"အဲ့လိုဆို အန္တရာယ်ကင်းအောင် နေနော် ၊ ဖြတ်သွားဖြတ်လာတွေကို အန္တရာယ်မပြုမိစေနဲ့
မကောင်းတဲ့လူတွေနဲ့ တွေ့ခဲ့ရင် ကိုကိုတွေဆီ ပြန်တိုင်...တစ်ယောက်တည်း မဖြေရှင်းနဲ့ ကြားလား"Peppa က သူစကားပြောလို့ပြီးသည့်အချိန်ကို လိမ္မာစွာ နားထောင်ရင်း ပြန်၍ အတွန့်တက်လာ၏။
"သိပါတယ် ကိုကိုကလည်း... လိမ်လိမ်မာမာ နေပါ့မယ် တွေ့ကရာလူကိုတော့ မီးမီး မသတ်ပါဘူး"ယွိကျန်းတု ဇောချွေးပြန်သွားခဲ့ရသည်။ ထို့နောက် ဖုန်းတစ်ဖက်ခြမ်းမှ ကောင်ငယ်လေးတစ်ယောက်၏ အသံပါပါလာ၏။
"စိတ်မပူပါနဲ့...လူသတ်လို့ရှိရင် ကျွန်တော်တို့ နောက်ဘ၀ကျ ၀က်သေးသေးလေးတောင် မဖြစ်နိုင်တော့ဘဲ ကြွက်အသေလေးတွေအဖြစ်ပဲ ၀င်စားလို့ရတော့မယ် ဆိုတာ သိထားပြီးသားပါ......"