-115- (ပဟေဠိဆန််ဆန် မြင်းခေါင်းအရုပ်)

942 161 11
                                    

(Unicode)
၎င်းတို့၏ လက်မှတ်များမှာ VIP zone အတွင််းက ရှေ့ဆုံးတန်းတွင် ကျရောက်လေသည်။ ရုံထဲသို့ ရောက်၍​မိမိတို့ သတ်မှတ်ခုံများတွင် ထိုင်ကြပြီးသည့်နောက် ယွိကျန်းတုလည်း ထိုင်ခုံပတ်လည်တစ်ဝိုက််အား စူးစမ်းကြည့်လိုက်ရာ ပတ်ပတ်လည်တွင် ရတနာ အစုံအလင် ဝတ်ဆင်ခြယ်သထားကြသော ချမ်းသာကြွယ််ဝပုံပေါ်သည့် သူဌေးမကြီးများစွာ ရှိနေကြောင်း တွေ့လိုက်ရသည်။ ထိုသူများမှာ ရရာ အဆက်အသွယ်များကို အသုံးချ၍ ကုမ္ပဏီတိုက်ရိုက်ထွက် VIP လက်မှတ်များ ဝယ်ယူခဲ့ကြသူတွေ ဖြစ်နိုင်ပေသည်။

ယွိကျန်းတုလည်း ခေါင်းထဲပေါ်လာသည့် ပေါက်ကရ ဟာသတစ်မျိုးအား ထုတ်ပြောလိုက်မိသည်။
"ဒီလူတွေက အွန်လိုင်းပေါ်မှာဆို လူတွေဆီကနေ မနာလိုမုန်းတီးစကားတွေ အပြောခံရတဲ့ သူတွေပဲ ဖြစ်ရမယ်"

ရှန်းချွယ့်လည်း ထိုအခါ ယွိကျန်းတုနီးတူ ဘေးပတ်ဝန်းကျင်ကို စူးစမ်းကြည့်ခဲ့ပြီး....

"အတိတ်တုန်းကလိုသာဆို ရှေ့ဆုံးတန်းက သူတွေပဲ ကိန္နရာတွေရဲ့ တေးဂီတကို ကြားနိုင်မှာ"

ယွိကျန််းတုဖက်က ပြောစကားကို နားမလည်လိုက်ရာ ရှန်းချွယ့်ကပဲရှင်းပြပေးခဲ့ရတော့သည်။

ဟွာ့ရှားပြည်ဆိုသည်ကား ဗုဒ္ဓဘာသာ အယူအဆတွင် သာယာဝပြောလှသော တိုင်းပြည်ကြီးတစ်ခု ဖြစ်ခဲ့လေသည်။ အထူးသဖြင့် ရှန်းချွယ့်နေထိုင်ခွင့်ရခဲ့သော ကာလမှာ ထိုကဲ့သို့သော ကျယ်ပြောလှသည့် တိုင်းပြည်တစ်ရပ် ဖြစ်ခဲ့၏။
ထိုစဉ်တုန်းက ဗုဒ္ဓဘာသာ အထွန်းကားဆုံး အချိန်ဟုလည်း ဆိုနိုင်ပေသည်။

တာ့ရှန််းကော် ကျောင်းတိုက်ဟူသည်ကား ဟွာ့ရှားတိုင်းပြည်၏ မြို့တော် အနီးနား၌ တည်ရှိခဲ့သော ကျောင်းတစ်ကျောင်းပါပေ။
ကျောင်းဝန်းဧက တစ်ခုတည်းနှင့်တင် လယ်ယာကွက်ပေါင်းများစွာနှင့်ချီ ကျယ်ဝန််းလှသည်။

မှော်စွမ်းအင်များ ကြွယ်ဝနေဆဲကာလတစ်ရပ်လည်း ဖြစ်သည့်နည်းတူ ဥာဏ်ပညာထူးကဲသော ဘုန်းတော်ကြီးများအနေဖြင့် ထိုခေတ်အချိန်အခါမှာ  စစ်မှန်ထူးကဲလှစွာသော နတ်ဘုရားများအား ဆင့်ခေါ်နိုင်စွမ်း ရှိကြလေသည်။

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now