-64.2-

2K 392 6
                                    

(Unicode)

လော့ဖုန်းသို့ ကျောက်ရော့လား ၀င်ရောက်လာပြီးသည့်နောက်တွင် ယွိကျန်းတုအနေဖြင့် ကျန့်ယန်နှင့်အတူတူ တီထွင်ဖန်တီးနေခဲ့သော သေခြင်းရှင်ခြင်းစာရင်းဇယားအကောင့် မိုဘိုင်းလ်ဆာဗာကို လက်စသတ်ပြီးသွားနိုင်ခဲ့သည်။

ဆာဗာကြီးတစ်ခုလုံးမှာ ယွိကျန်းတု တာ၀န်ယူခဲ့ရသည့်အပိုင်းက များလှ၏။

ကျောက်ရော့လား၏ အကူအညီဖြင့် တီထွင်မှု အရှိန်အဟုန်မှာ မြန်ဆန်သထက် မြန်ဆန်လာခဲ့ရသည်။

အကြိမ်ရေအမြောက်အမြား debugging ဖြစ်ပြီးနောက်မှ မိုဘိုင်းလ်ဆာဗာမှာ ယွိကျန်းတု တသီးတသန့် တီထွင်နေခဲ့သည့် ကျောက်ထောက်နောက်ခံ system နှင့် အလုံးစုံ ပေါင်းစည်းသွားနိုင်ခဲ့သည်။

(T/N : debugging - ကွန်ပျူတာ ပရိုဂရမ်၌ အပြစ်အနာအဆာများ အမှားများ လိုအပ်ချက်များ ရှာဖွေတွေ့ရှိပါက ပိုမိုကောင်းမွန်အောင် ပြုပြင်ခြင်း ပြောင်းလဲခြင်း)

application အား အမည်ပေးဖို့ ဆုံးဖြတ်လိုက်သည့် နောက်ဆုံးသော နာမည်မှာ ရိုးရှင်းကာ တည့်တိုးဆန်လှ၏။
"ဘ၀ စီမံရေး" ဖြစ်ပေသည်။

သို့သော် application ကား ချက်ချင်းအသုံးမပြုနိုင်သေးချေ။ official version ကို ‌အောင်အောင်မြင်မြင် ထုတ်နိုင်ဖို့အရေး လော့ဖုန်းအနေဖြင့် ကိုယ်စားလှယ် အစမ်းသုံး application version တစ်ခုကို အရင် စမ်းထုတ်ကြည့်ရဦးမည်။

ဒါသည် developer တိုင်းအတွက် ကြီးမား ရှုပ်ထွေးလှသော ပရောဂျက်ကြီးတစ်ခုကို လူထုထံသို့ ချမပြရသေးခင်အချိန်တွင် မဖြစ်မနေ လိုက်ကို လိုက်နာရသည့် အဆင့်တစ်ရပ်ဖြစ်၏။

(T/N ဒီနားလေး နားလည်အောင် သေချာလေး ရှင်းပြရရင်
ဥပမာ Apple ကုမ္ပဏီက Iphone 14 ထုတ်ပြီး 15 ထပ်ထုတ်တော့မယ့်ကာလ ဆိုပါတော့
သူတို့ဖက်မှာ Iphone 15 ဆိုပြီး ထုတ်မယ့်မော်ဒယ်ကို ပြီးပြည့်စုံနေအောင် လုပ်ပြီးသွားပြီ ဆိုရင်တောင် တရား၀င် လူတွေဆီကို ပေးသုံးလို့မရသေးဘူး
ကြားထဲမှာ စမ်းသပ်ကာလဆိုတာ ထားပြီးတော့ Apple ဖက်ကနေ သီးသန့်အစမ်းအသုံးပြုခွင့် ပေးထားတဲ့ လူနည်းစုကိုပဲ Iphone 15 ကို အရင်သုံးကြည့်ခိုင်းသေးတယ်

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now