(Unicode)
ကျိုဝေ့ချင်မိသားစုနှင့်ပတ်သတ်ပြီးပြန့်နှံ့သွားသည့်ကောလဟာလများက တစ်ရက်အတွင်းတော့ ဖြေရှင်းမပြီးလောက်ပေမယ့် ထိုနေ့မှာ
ဆွေမျိုးများနှင့် မိတ်ဆွေအချို့ထံသို့ ကျိုမိသားစုလို အိမ်ခေါင်းထဲမှာ မလိုတဲ့အသုံးအဆောင်ပစ္စည်း အစုတ် အမှိုက်သရိုက်ဟောင်းများကို ပြန့်ကျဲထားတတ်သည့် အိမ်က နောက်ဆုံးမှာ သန့်ရှင်းရေး လုပ်ကြပြီ ၊ အမှိုက်တွေရှင်းထုတ်ကြပြီဆိုသည့် သတင်း နားထင်ရောက်သွားခဲ့ရသည်။ထိုသတင်းကြောင့်နှင့် အချို့မှာ အတည်ပြုဖို့ရန် ကျိုမိသားစုထံသို့ အလည်လာကြည့်ခဲ့ကြပေ၏။
မူလတွင် ထိုသို့လာရောက်လည်ပတ်သူများမှာ အခြေအနေကို အကဲခတ်ကြည့်လိုခြင်းကြောင့်နှင့် ကျိုမိသားစုအား လှောင်ပြောင်လိုသည့် ရည်ရွယ်ချက် ပိုလေသည်။
သို့ရာတွင် ကျိုမိသားစုမှာ သတင်းစကားတို့နှင့်အညီ အိမ်ကို ရှင်းလင်းထားသည်မှာ အမှန်ပင်ဖြစ်နေခဲ့သည်။ ပရိဘောဂတွေကိုတော့ အသစ်မလဲရသေးဘူးဆိုပေမယ့် အိမ်ကြီးမှာ အရင်ကထက်စာလျှင် ပို နေရာကျယ်၀န်းပြီး ပိုပြီးလည်း လင်းလင်းချင်းချင်း ဖြစ်လာခဲ့၏။
ကျဉ်းကျုပ်ကြပ်ထုတ်နေသော ခံစားချက်ပျို့နှစ်စရာကြီး ပျောက်ရှသွားခဲ့ရပြီး မြင်ရသူအပေါင်းကို စိတ်အလျင် ပြန်ကြည်သွားစေပေသည်။
ထို့အပြင် ကျိုမားမားလည်း ၎င်းတို့ ထင်ထားခဲ့သလောက် နှုတ်ကြမ်းမနေတော့ခြင်း။ ရံဖန်ရံခါမှ ၎င်း၏ ကန့်လန့်တိုက်သော အကျင့်လေး ဇာတိပြလာတတ်သည် ဆိုသော်ငြား
အတိတ်တုန်းကလောက် လူလက်သင့်ခံချင်စရာ မကောင်းသည့် အမူရာစရိုက်မျိုးမရှိတော့ချေ။သည်တင်မကသေးဘဲ တစ်ခါတရံမှာ ၎င်း၏ ဇာတ်အစစ်အမှန်များ ထုတ်ပြလုနီးနီး ဖြစ်ခံနီးအချိန်ဆိုလျှင်လည်း သူမကို ကျိုဝေ့ချင်က ကြိုတင်တားဆီးပေးလာ၏။ မှော်ဆန်ဖို့ကောင်းစွာပါပဲ အရင်တုန်းက လင်နှင့်သားအပေါ်မှာ ထိန်းချုပ်မှုအပြည့်အ၀ရှိနေခဲ့သည့် ကျိုမားမားမှာ ဒီတစ်ကြိမ်ကစပြီး သားဖြစ်သူစကားကို နားယောင်လာရတော့သည်။