(Unicode)
မနေ့ကထက်စာရင် ထမင်းစားဝိုင်းက ပို၍ လျင်လျင်မြန်မြန် ပြီးသွားခဲ့၏။
လီထျန်းထျန်းက အနည်းငယ် နွမ်းဖတ်နေပြီး သူမဘေးက ကျန်းဟုန်ကတော့ ဘာစကားမှ မပြောချိန် ယွိကျန်းတုတစ်ယောက်သည်ကား ကုမ္ပဏီကို မြန်မြန်ပြန်ပြီး သရဲဖမ်းတဲ့ကိစ္စက အခြေအနေဘယ်လိုဖြစ်သွားလဲ သိချင်နေသည်မှာ ဟန်ပင်မဆောင်နိုင်လောက်အောင် ရိုးတိုးရွတ ဖြစ်နေခဲ့သည်။အကုန်လုံး ထမင်းစားလို့ပြီး၍ မိန်းမသားနှစ်ယောက် သူတို့ကုမ္ပဏီသူ ပြန်သွားတဲ့အချိန်ထိ ယွိကျန်းတုမှာစပ်စုချင်စိတ်ကို ဖုံးဖိထားရ၏။
ထို့နောက်မှ ကုမ္ပဏီကို မပြေးရုံတမယ် ပြန်သွားဖို့ သူဌေးရဲ့ လက်ကို ဆွဲခေါ်လိုက်တော့သည်။
"သွားစို့..သွားစို့!
အခုချိန်က ဖရဲသီး စားဖို့* အကောင်းဆုံးပဲ"( 吃瓜群众 - melon-eating audiences
ဆိုလိုချင်တာတော့ ဘာတွေဖြစ်နေမှန်းတော့မသိဘူး ဒါပေမဲ့ စိတ်၀င်စားလို့ ပွဲလာကြည့်လိုက်တဲ့ စပ်စပ်စုစု လုပ်တာမျိုးကို ခေါ်တာပါ)သို့သော် သူ ရှန်းချွယ့်ရဲ့လက်ကို ကိုင်ပြီးပြီးချင်းပဲ အလျင်စလို ပြန်လွတ်ချလိုက်ရသည်။
သူ ပါးစပ်ကနေလည်း လွှတ်ခနဲ ထွက်သွား၏။
"အာ့....သူဌေးရဲ့ လက်တွေက အေးစက်နေတာပဲ"ရှန်းချွယ့်က သူ့ကိုစိုက်ကြည့်လာတာကြောင့် ယွိကျန်းတုမှာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားရပြီး ခေါင်းကို လှမ်းကုပ်လိုက်မိသည်။
"တောင်းပန်ပါတယ်...တစ်ခါတစ်ခါကျ ခင်ဗျားက လူ မဟုတ်ဘူးဆိုတာကို မေ့မေ့သွားလို့ပါ"ရှန်းချွယ့်-"................"
ယွိကျန်းတု အခုမှ သတိထားမိသည်.......သူ ပြောလိုက်တဲ့လေသံက သူဌေးကို ဆူငေါက်လိုက်တဲ့အတိုင်းပဲ။
သို့နှင့် မျက်နှာလိုမျက်နှာရငြား စကားကို ထပ်ဖြည့်ပြောလိုက်၏။"သူဌေး....ကျွန်တော့်ဖက်က အခုပဲ ခင်ဗျားက လူနဲ့ တော်တော်လေး တူပါတယ်လို့ ပြောလိုက်ရင် စိတ်ထဲ နေရထိုင်ရ ပိုကောင်းသွားမလား?"
ရှန်းချွယ့်မှာ လူသားတွေသုံးတဲ့ စကားလိမ်များကို နားမလည်နိုင်သလို ခေါင်းထက်မှာ question mark လေးတွေ ဝိုင်းဝိုင်းလည်နေသကဲ့သို့ ဆွံ့အနေပြီးနောက်မှ
ဘာကိုမှ စိတ်ထဲမထားသလိုမျိုး ပုံစံနှင့် ခေတ္တမျှ ငြိမ်သက်ပြီးနောက်မှာ ပြန်ဖြေလာခဲ့သည်။
"ကိစ္စမရှိပါဘူး....ငါလည်း ကိုယ်အပူချိန်ကို ညှိဖို့ မေ့သွားလိုက်လို့ပါ"