(Unicode)
တစ္ဆေအုပ်ကြီးက နောက်ကကပ်ပါလာရင်း ရှန်းချွယ့်ရောက်ချလာမှုက စည်ပင်ရုံးထဲ ပွက်လောရိုက်သွားစေသည်။
အခုဒီခန်းမထဲမှာ ရှိနေတဲ့ တစ္ဆေတော်တော်များများက လော့ဖုန်းစီမံခန့်ခွဲရေးရဲ့ ဂန္တ၀င်မြောက် သူဌေးဆိုတာကို မမြင်ဖူးကြသူ များသည်။
တစ္ဆေဘုရင်ကလည်း သူ့ရဲ့ ကိုယ်ရှိန်ဝါများကိုဝဖျောက်ထားတာကြောင့် သူဟာ ပုံမှန်အတိုင်းပဲ ရုပ်ရည်ချောမောလှတဲ့ တစ္ဆေအသွင်ဖြင့်သာ.......သို့သော် ဒီမှာရှိနေသူများက သူ့အနောက်က တစ္ဆေအတန်းလိုက်ကြီးကို သတိပြုမိ၏။
အဲ့ဒီတစ္ဆေတွေက မနက်ခင်းကပဲ ထွက်ပြေးလွတ်မြောက်သွားပြီး အဓိကရုဏ်းဖြစ်အောင်လုပ်ခဲ့ကြတဲ့သူတွေ မဟုတ်လား?
ဒီလောက်မြန်မြန်ကြီး ပြန်ဖမ်းမိလိမ့်မယ်လို့တောင် မထင်ထားခဲ့မိဘူး"မင်းတို့အကုန် ဟိုဖက်ကို သွား...
မင်းတို့ခေါင်းတွေကို ကိုင်ပြီး ငုတ်တုတ်ထိုင်နေ...ဘယ်မှမရွေ့နဲ့"
ကျန်းယီက နံရံထောင့်တစ်နေရာကို ညွှန်ပြပြီး ယွိကျန်းတုနောက်မှ တစ္ဆေများကို မကောင်းဆိုးဝါမောင်းသည့်နှယ် အော်ဟစ်ကြိမ်းမောင်းလိုက်သည်။တစ္ဆေများမှာ မျက်နှာငယ်လေးဖြင့်။
သူတို့က လိမ်လိမ်မာမာနဲ့ နံရံဖက်သို့ ရွေ့သွားကြပြီး ထိုင်နေလိုက်ကြသည်။
မြင်ကွင်းကတော့ နည်းနည်း စိတ်မချမ်းမြေ့ဖွယ်။ပြန်လည်၀င်စားရေးခန်းမဖက်က တစ္ဆေတွေ တိုးတီးတိုးတီး ပြောနေကြတာတွေကို ယွိကျန်းတု ကြားတစ်ချက် မကြားတစ်ချက် ဖြစ်နေ၏။
"ငလူး...မနက်တုန်းက ထွက်ပြေးမယ့်ကိစ္စလာဆွယ်တော့ ငါမပါလိုက်လို့ တော်သေးတယ်
မဟုတ်ရင် အခုချိန် အဲ့နား သွားထိုင်နေရမှာ""သောက်ပိုတွေ ပြောမနေပါနဲ့...လူတိုင်းသိတယ်
သူလာခေါ်တော့ မင်းမလိုက်တာက မင်း ပြန်၀င်စားမယ့်ဘ၀က ကောင်းနေလို့လေ""ဟီးဟီး ပေါ်သွားပြီပဲ..
ဒီဘ၀မှာတုန်းက ငါ့ရဲ့သက်တမ်း တစ်၀က်နီးနီးလောက်ကို အိမ်ငှားကို အကြွေးဆပ်နေခဲ့ရတာ
နောက် ၀င်စားမယ့်ဘ၀မှာကျ ငါက အိမ်ငှားစားတဲ့သူ ဖြစ်လာမှာတဲ့
လွယ်တော့ မလွယ်ခဲ့ပါဘူး"