(Unicode)
Warning - mention of suicide"ကွက် ကွက် ကွက်"
"ငါ မှားသွားပါတယ် Peppa ကျဲရယ်..ငါမှားမှန်းသိပါပြီ"
"ကွက် ကွက်"
"မင်းရဲဂါ၀န်လေးက အရမ်းကို ကြည့်လို့လှတယ်နော်...ပုံတုံးကြီးဆိုတာ လုံး၀ လုံး၀ မဟုတ်ဘူး...တစ်ကမ္ဘာလုံးမှာ အလှဆုံးဂါ၀န်လေးဆိုတာ ငါ ကျိန်ပြောရဲတယ်"
ကျန့်ယန်မှာ Amazing Future ထဲသို့ ၀င်ရောက်လာသည်နှင့်တစ်ပြိုင်နက် Peppa အား တွေ့ရလေသည်။ သူမက အခုဆို အနည်းငယ်တောင် ထွားလာ၍ ခန္ဓာကိုယ်တွင်လည်း ဆေးပန်းရိုက်အပွင့်ဂါ၀န်ကို ၀တ်ဆင်ထားသေးသည်။ သူမက အတောင်ပံများ ပြိုင်စုံခတ်၍ ပရိုဂရမ်မာ တစ်ယောက်နောက်ကို စိန်ပြေးလိုက်တမ်း ဆော့နေလေ၏။ ထိုပရိုဂရမ်မာသည်ကား အရပ် ၁.၈ မီတာလောက် ရှိမည်ထင်ရသည်။ သို့သော် Peppa ရန်က လွတ်မြောက်ဖို့အရေး ခုံတစ်ခုကို အကာအကွယ် ယူရရှာသည်။ ထို့နောက် လက်နှစ်ဖက်ကိုမြှောက်၍ ဒူးထောက်အရှုံးပေးပြီး Peppa အား ချမ်းသာပေးဖို့ တောင်းပန်နေခဲ့လေသည်။
ကျန့်ယန် :".........."
လော့ဖုန်းရဲ့ နာမည်ကြီး ငန်းမင်းသမီးလေးလို့ မပြောရဘူး!
ကျန့်ယန်လည်း ဘယ်သူမှ သတိမထားမိခင်အချိန်တွင်း ဖုန်းကို အိတ်ထောင်ထဲက နှိုက်ယူ၍ အဖြစ်အပျက်တစ်ခုလုံးအား မှတ်တမ်းတင်ဗီဒီယိုရိုက်ကူးထားလိုက်တော့သည်။ထို့နောက်မှာ အင်တာနက်တစ်ခွင်က product manager တွေချည်း စုထားတဲ့ အဖွဲ့ထဲမှာ ထိုဗီဒီယိုကို သွားတင်လိုက်၏။
[ဘုရား ဘုရား...
ငါတို့ ကုမ္ပဏီက Peppa ငန်းမလေးကတော့ ပရိုဂရမ်မာတွေကို အနိုင်ကျင့်နေပြန်ပါပြီ]ထိုအဖွဲ့ထဲမှ အခြားသော မန်နေဂျာများ စာပြန်ပေးလာကြ၏။
[ကြုံတဲ့ဘုရား ဆင်းကယ်ပေးသွားပါဦး....လော့ဖုန်းက ၀န်ထမ်းဆိုတဲ့တစ်ယောက် ငန်းပုံတွေ လာတင်နေပြန်ပါပြီ][Peppa ပုံအသစ်လေးတွေလား? ချစ်လိုက်တာ]
[ဘုရား ဘုရား CEO က Peppa ကို ဂါ၀န်အသစ်တွေ ထပ်၀ယ်ပေးထားပြန်တာလား?]
[အမ် မင်းတို့တွေ ပရိုဂရမ်မာတွေရော ဟုတ်ကြသေးရဲ့လား?]
[ပြောကာမှ.... သိပ်မကြာသေးခင်တုန်းက ပို့စ်တစ်ခုမှာ အိမ်တွင်းအောင်းသမားတွေဆိုတာ ငန်းတစ်ကောင်နဲ့ ပြိုင်တိုက်ခဲ့ရင် အသာစီးရနိုင်ဖို့ ၀.၅% ပဲ ရှိတာလို့ ပြောခဲ့ဖူးသေးတာလားလို့လေ...
ငါ့မှာတော့ အဲ့ဒီရာခိုင်နှုန်းကို ချဲ့ကားပြောထားတယ်ပဲ ထင်နေတာကို တကယ်ကြီး Amazing Future က ပရိုဂရမ်မာတွေက ငန်းလေးတစ်ကောင်ကိုတောင် မနိုင်ကြဘူးလား?]