(Unicode)
ရှန်းချွယ့် ပါးစပ်ဟလိုက်သည့်အခိုက် ယွိကျန်းတုမှာ ပတ်ဝန်းကျင်တစ်ခုလုံံးက အပ်ကျသံပင် ကြားနိုင်လောက်သည်အထိ တိတ်ဆိတ်သွားခဲ့ကြောင်း သတိထားလိုက်မိရသည်။အခြေအမြစ်မရှိ ရန်ထောင်နေခဲဲ့သော အမျိုးသမီးကြီးသည်ပင်လျှင် ဘာစကားမှ ဆက်မဆိုနိုင်တော့ဘဲ ရပ်တန့်သွားခဲ့ရချေသည်။
သို့သော် သူမက လွတ်ကွာသွားသည့် အသိစိတ်တို့ကို ပြန်လည်ကာ စုစည်းလိုက်ရင်း ဤအခြေအနေပေါ်၌ အထက်စီးဆန်ဆန် ချုပ်ကိုင်ကြည့်ဖို့ရန် တဖန် ကြိုးစားလာခဲ့ပြန်၏။
ပဏာမ လှောင်ရယ်သွမ်းခြင်းများက ယခုမူ ပိုမို ဆိုးရွားလာခဲ့တော့သည်။"အံ့ဩပါ့ရှင် အံ့ဩပါ့....
ပညာဗဟုသုတ ချို့တဲ့နေတဲ့သူတွေဆိုတော့ မဟုတ်တရုတ်တွေ အကုန်ပြောထွက်တော့တာပဲ...
ဘာတဲ့ ငန်းက ဘဲလေး ကတတ်တယ် ဟုတ်လား
အဲ့လောက် တော်တတ်နေရင် ရှင််တို့ရဲ့ အဲ့ငန်းမကို ဒီနေရာမှာတင် တစ်ပွဲလောက် ဖျော်ဖြေကြည့်ခိုင်းလိုက််လေ"ဘေးပတ်ဝန်းကျင်ရှိ ဝိုင်းဝန်းစပ်စုကြည့်ရှုနေကြသူများမှာ အစပိုင်းတုန်းကတော့ သဘောရိုးနှင့်ပဲ တစ်ဖက်က အမျိုးသမီး အာကျယ်အာကျယ်လုပ်နေရခြင်းအကြောင်းရင်းကို စိတ်ဝင်စားသောကြောင့် ကြည့်နေခဲ့ကြခြင်းဖြစ်လေသည်။ သို့သော် ယင်းတို့က ယခုမူ အခြေအနေပေါ်မှာ ချစ်ခြင်းမုန််းခြင်းမရှိ ဝေဖန် အကဲခတ်ပေးနေကြသည့် ဒိုင်လူကြီးတွေအလား ပြောင်းလဲသွားကြပြီး မိမိတို့ချင်း တီးတိုးပြောဆိုကုန်ကြသည်။ အချို့သော မျက်နှာအမူအရာများကဆိုလျှင်် ဒီကရှေ့လျှောက် ဆက်လက်ဖြစ်လာမည့် အဖြစ်ပျက်တို့အပေါ် ကြိုပြီး စိတ်လှုပ်ရှားစောင့်စားနေသည့်နှယ်။
၎င်းတို့၏ အမြင်တွင် ရှန်းချွယ့်သည်ကား အနိုင်ရလိုစိတ်ကြီးမား၍ စည်းလွတ်ဘောင်လွတ် ချဲ့ကားပြောဆိုလိုက်ရာမှ ယခုမူ ပြောပြီးသားကျွံပြီးသား စကားတို့ကို ပြန်မနုတ်နိုင်တော့ကာ အကြပ်ရိုက်နေလေပြီ ယူဆသူကလည်း ယူဆနှင့်။ယွိမိဘများမှာမူ မျက်နှာပူသည့် ခံစားချက်ကလွဲလို့ ကျန်တဲ့ခံစားချက်များအပေါ် ထုံနေခဲ့လေသည်။ Peppa လေးသည်ကား သီချင်းသံကြားလျှင် သူမ၏ ဖင်လေးနှင့် အတောင်လေးများအား လှုပ်ကာ အကွက်ဆန်းဆန်းလေးများ ကပြတတ်သည် ဆိုသော်ငြား သူမအား ဘဲလေး ကတတ်သည် ဟု မြှောက်ပင့်ပြောဆိုလိုက််ခြင်းက တရားလွန်သွားခဲ့၏၊၊
ယွိပါးပါးက ရှန်းချွယ့်နားသို့ တိုးကပ်သွား၍ ဖြန်ဖြေပေးလိုက်ရသည်။
"ရှောင်ရှန်း....ထားလိုက်တော့
ဒီကိစ္စက မင်း ပါပေးစရာတောင် မလိုတာ....."