(Unicode)
ရှန်းချွယ့်၏ စကားအဆုံးမှာ ယွိကျန်းတုတစ်ယောက်တည်း နေရာမှာတင် ရပ်တန့်သွားခြင်းမဟုတ်ဘဲ အန်တီကြီးပါ ကြောင်အမ်းသွားခဲ့ရသည်။...သူမက ဘာမှ ပြန်မပြောနိုင်သေးခင်မှာ ရှန်းချွယ့်ကိုသာ စူးစိုက်ကြည့်နေ၏။
"အဲ့.......'ကျွန်တော် မကြာခင် ဖြစ်လာတော့မှာမျိုး'ဆိုတာ ဘာကိုပြောချင်တာလဲ ဟင်"
ရှန်းချွယ့်က ကျောကို မတ်ထိုင်လိုက်ပြီးနောက် ယွိကျန်းတု၏ လက်မောင်းအား သွားတို့ထိလိုက်သည်။ သူ၏ မျက်နှာထားက အလွန်အမင်း ဂုဏ်ယူနေလျက်ဖြင့်.....
"နောက်ထပ် လပိုင်းလောက်နေရင် သူက ကျွန်တော်နဲ့ တွဲဖို့ စီစဉ်နေတာမို့လို့လေ"အန်တီ : "...............'"
အန်တီက ရှန်းချွယ့်ကို ပါးစပ်အဟောင်းသားနှင့် ကြည့်ပြီးနောက်မှာ ယွိကျန်းတုဖက်သို့ အကြည့်တို့ကို ရွှေ့သွားခဲ့လေသည်။
သူမ၏ နှုတ်ခမ်းတို့က တုန်ရီနေလျက်။
"အဲ အဲတော့ မင်း...မင်းတို့...နှစ်ယောက်က???"ယွိကျန်းတု :".............."
အန်တီ ထင်နေတာတွေ လုံး၀မဟုတ်ရပါဘူး!ယွိကျန်းတုမှာ သုံးကြိမ်ဆက်တိုက် ငြင်းဆန်လိုက်မလို့စီစဉ်ထားပေမဲ့ လူကြားသူကြားထဲတွင်မူ သူ့အနေဖြင့် ရှန်းချွယ့်အရှက်ရသွားစေမည့် လုပ်ရပ်မျိုးအား မကျူးလွန်ရဲပါ။
သူ့ဖက်ကသာ တစ်ခုခု မှားလိုက်မိရင် သူ့အတန်းဖော်ရဲ့ မင်္ဂလာပွဲလေး တစ်စစီ ပျက်သွားမှာလည်း ဆိုးရသည်။
ယွိကျန်းတု ကိုယ့်အတွေးနဲ့ကိုယ် ရွာလည်နေရင်း ပါးစပ်ထဲသို့ တက်ချလာသည့် စကားများအားလုံးအား ပြန်လည် မြိုချလိုက်သည်။
အန်တီကြီးထံသို့လည်း ဘာမှ ပြန်မပြောဖြစ်တော့ဘဲ လုပ်ကြံပြီးတော့သာ ပြုံးရုံပြုံးပြလိုက်၏။
ငြင်းဆန်ဖို့အခွင့်အရေးက မျက်တောင်တစ်ခတ်အတွင်း ပျောက်ပျက်သွားပြီမို့ အန်တီကြီးကလည်း ခြေဖနောင့်ပေါက်ကာ နေရာမှ ထထွက်သွားလေသည်။
အန်တီကြီး ထွက်သွားသည်နှင့် ရှန်းချွယ့်က ယွိကျန်းတု၏ လက်ဖမိုးကို ဖွဖွလာပုတ်ပေးရင်း ပြောလာခဲ့သည်။